အစိုးရကျန်းမာရေးဝန်ထမ်းများအတွက်ငွေကြေးစီမံခန့်ခွဲမှုသင်တန်းပေးခြင်း 17.11.2016

Dr Yin Thandar Lwin, Deputy Director General, Department of Public Health, Ministry of Health and Sports

UNOPSသည်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်ပူးပေါင်းလျှက်၎င်း၏ဦးဆောင်မှုဖြင့် အစိုးရကျန်းမာရေးဝန်ထမ်းများ၏ငွေကြေးစီမံခန့်ခွဲမှုစွမ်းရည်မြှင့်တင်ပေးရန် "လုပ်ငန်းစီမံချက်ရေးဆွဲခြင်း၊ဘတ်ဂျက်ပြင်ဆင်ခြင်း၊ငွေကြေးစီမံခန့်ခွဲထိန်းချုပ်မှုများ၊ငွေကြေးစီးဆင်းမှုနှင့်အစိုးရ၏ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ"ဆိုင်ရာသင်တန်းကိုနေပြည်တော်တွင်ကျင်းပလျက်ရှိသည်။

၎င်း(၂)ရက်ကြာသင်တန်းများကိုတစ်သုတ်လျှင်အပြိုင်အုပ်စု(၂)စုစီခွဲ၍ ဆက်တိုက်စုစုပေါင်း (၆)သုတ်ဖြင့်(၁၂)ရက်ကြာ (၁၅ရက်မှ၂၉ ရက်နိုဝင်ဘာအထိ)ကျင်းပလျှက်ရှိသည်။ မြန်မာနိုင်ငံတဝမ်းရှိမြို့နယ်ပေါင်း ၃၃၀ ကိုကိုယ်စားပြုလျှက်အစိုးရကျန်းမာရေးဝန်ထမ်းစုစုပေါင်း(၁၀၀၀)နည်းပါးခန့် တက်ရောက်ကြသည်။

ယင်းကဲ့သို့ အမျိုးသားအဆင့်သင်တန်းများကိုယခင်ကလည်း(၂၀၁၃နှင့်၂၀၁၅တွင်)(၂)ကြိမ်ကျင်းပခဲ့ပြီးဖြစ်သည်။ ယခုအကြိမ်တွင်မှုသင်တန်းသားများတွင်တိုင်းဒေသကြီး/ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၊ ခရိုင်/မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးများနှင့်အတူငွေကြေးစာရင်းပြုစုလုပ်ကိုင်နေသည့်ငွေကိုင်စာရေးများလည်းပါဝင်သည်။

သင်တန်း၏ဖွင့်ပွဲတွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ပြည်သူကျန်းမာရေးဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာယဉ်သန္တာလွင်နှင့်UNOPS ၏စီမံကိန်းဌာနအကြီးအကဲဒေါက်တာဖိုင်ဇယ်မန်စူးတို့ကအသီးသီးအဖွင့်မှာစကားများပြောကြားခဲ့သည်။

သင်တန်းတက်ရောက်သူရာနှုန်းပြည့်ရှိခဲ့ပြီးသင်တန်းတွင်တက်ကြွစွာပါဝင်ဆွေးနွေးခဲ့ကြသည်။

သင်တန်း၏ ဓါတ်ပုံတချို့ကိုတွင်ကြည့်ပါ။