စစ်ဆေးဖို့အချိန်တန်ပြီ 25.01.2017

Time to get tested

ဗီဒီယိုသည်ကုလသမဂ္ဂဝန်ထမ်းများ၊မိသားစုများ၊HIVဆိုင်ရာအသိတိုးပွားစေရန်ရည်ရွယ်သည်။ထို့ပြင် HIVနှင့် ဆက်စပ်သောခွဲခြားမှုများကိုအဆုံးသတ်စေရန်လည်းရည်ရွယ်သည်။

မြန်မာနိုင်ငံရှိUNOPSသည်ကုလသမဂ္ဂဝန်ထမ်းများ၊အိမ်ထောင်စုများ၊လုပ်ငန်းခွင်တွင်မိမိတွင်HIVရှိ/မရှိအခြေအနေ၏သက်ရောက်မှုကိုလျှော့ချရန်အတွက်ကာကွယ်ခြင်း၊ကုသခြင်း၊စောင့်ရှောက်ခြင်း၊ထောက်ပံ့ခြင်းစသောအကျိုးခံစားခွင့်အမျိုးမျိုးကိုလက်လှမ်းမီစေရန်ဖွဲ့စည်းထားသောUNCares၏အဖွဲ့ဝင်ဖြစ်သည်။

၁၉၈၀ပြည့်လွန်နှစ်များတွင်HIV/AIDSစတင်ပျံ့ပွားလာကတည်းကကုလသမဂ္ဂ၏ဌာနများသည်ဤကပ်ဘေးကိုတုံ့ပြန်ရာတွင်ထိရောက်စွာပါဝင်ဆောင်ရွက်ခဲ့ကြသည်။ 

သို့သော်ဤကပ်ဘေးကိုတိုက်ဖျက်ရာတွင်ကုလသမဂ္ဂဝန်ထမ်းများ၊မိသားစုများကိုလည်း သီးခြားအုပ်စုတခုအဖြစ်အာရုံစိုက်ရန်လည်းလိုအပ်ကြောင်းကိုအလျင်အမြန်သဘောပေါက်လာကြသည်။ထိုကြောင့်UNCaresနှင့်UNPlusတို့ကိုစတင်ကာကုလသမဂ္ဂဝန်ထမ်းများမိသားစုများHIV/AIDSကာကွယ်ရေးစောင့်ရှောက်ရေးဆိုင်ရာသတင်းများကိုလက်လှမ်းမီစေခဲ့သည်။ 

HIVကူးစက်မှုများ၊AIDSနှင့်ဆက်စပ်သောသေဆုံးမှုများ၊အချို့တိုင်းပြည်များ၊ဒေသများတွင်လျော့နည်းခဲ့သော်လည်းHIVကပ်ဘေးသည်တကမ္ဘာလုံးနှင့်သက်ဆိုင်သည်။၂၀၃၀ပြည့်နှစ်တွင်AIDSကိုလူထုကျန်းမာရေးခြိမ်းခြောက်မှုတရပ်မဖြစ်တော့စေရန်လူတိုင်းကတာဝန်ယူဆောင်ရွက်ရန်အရေးကြီးသည်။သင့်တော်သောသတင်းများ၊ ပြည့်စုံသောလိင်ပညာပေးမှုများ၊ ကွန်ဒုံးများကိုလက်လှမ်းမီရေးသည်လည်းအရေးကြီးသည်။ 

ကုလသမဂ္ဂဝန်ထမ်းများမိသားစုများသည်HIVစစ်ကြည့်ပါမှထိုဗိုင်းရပ်စ်မိမိတို့တွင်ရှိ/မရှိဟူသောမိမိတို့၏အခြေအနေကိုသိကြမည်။ရှိပါကလိုအပ်သောကုသစောင့်ရှောက်မူများရရန်လုပ်ဆောင်ချက်များဖြင့်ရေရှည်ဆက်စပ်ရောဂါများကိုမခံစားရမည်ဖြစ်သည်။ရောဂါပိုးကူးစက်ခံရနိုင်သည့်အမူအကျင့်များကိုတတ်နိုင်သမျှရှောင်ကြဉ်ကြရမည်ဖြစ်သည်။ 

ထို့ကြောင့်HIVအစစ်ခံကာမိမိတွင်HIVရှိ/မရှိသိအောင်လုပ်ပါ။ကုလသမဂ္ဂဝန်ထမ်းများနှင့်၎င်းတို့မိသားစုများ၊HIVကာကွယ်ခြင်း၊ထောက်ပံ့ခြင်းစသောအကျိုးအမျိုးမျိုးကိုခံစားခွင့် ရရန် ဝန်ဆာင်မူများရှိသည်။HIVရှိ/မရှိအခြေအ နေသည်လုပ်ငန်းခွင်တွင်ကိစ္စမရှိပါ။HIVစစ်ဆေးခံခြင်းသည်စိန်ခေါ်မှုပင်ဖြစ်သော်လည်းရင်ဆိုင်ရမည်သာဖြစ်သည်။

HIVစစ်ဆေးခံရန်ကုလသမဂ္ဂဝန်ထမ်းများကိုတိုက်တွန်းပါသည်။HIVရှိ/မရှိစစ်ဆေးခံခြင်းသည်ဆုံးဖြတ် ချက်မှန်မှန်ကန်ကန်ချမှတ်နိုင်ရေးကိုကူညီနိုင်ပေသည်။HIVသည်လုပ်ငန်းခွင်တွင်ထသွားထလာနှုတ်ဆက်ထိတွေ့ခြင်းကြောင့်မကူးစက်သဖြင့်မိမိ၌HIVရှိနေခြင်းသည်လုပ်ငန်းခွင်တွင်အမည်းကွက်ထင်စရာအကြောင်းမရှိပေ။

MMOHသည်မိမိ၏ဝန်ထမ်းများကိုအနိမ့်ဆုံးစံHIVအထောက်အပံ့၁ဝခုကိုပေးရန်ကတိကဝတ်ပြုထားသည်။ ဤဗီဒီယိုသည်ကုလသမဂ္ဂဝန်ထမ်းများမိသားစုများHIVဆိုင်ရာအသိတိုးပွားစေရန်ရည်ရွယ်သည်။ထို့ပြင်HIVနှင့် ဆက်စပ်သောခွဲခြားမှုများကိုအဆုံးသတ်စေရန်လည်းရည်ရွယ်သည်။UN Cares နှင့်UN Plus တို့သည် HIVရှိနေသောကုလသမဂ္ဂဝန်ထမ်းများ၏ကမ္ဘာလုံးဆိုင်ရာအုပ်စုဖြစ်သည်။