ကမ္ဘာ့ရန်ပုံငွေအဖွဲ့၏အမှုဆောင်ဒါရိုက်တာအားနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လက်ခံတွေ့ဆုံ 05.03.2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်ကမ္ဘာ့ရန်ပုံငွေအဖွဲ့ ၏အမှုဆောင်ဒါရိုက်တာ ဒေါက်တာမာ့(က်)ဒိုင်ဘူလ် တို့ တွေ့ဆုံဆွေးနွေးစဉ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊နေပြည်တော်

ကမ္ဘာ့ရန်ပုံငွေအဖွဲ့၏အမှုဆောင်ဒါရိုက်တာ ဒေါက်တာမာ့(က်)ဒိုင်ဘူလ်;ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အားနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်သည်မတ်လ၃ရက်နေ့ညနေ၅နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌လက်ခံတွေ့ဆုံသည်။

ကမ္ဘာ့ရန်ပုံငွေအဖွဲ့၏အမှုဆောင်ဒါရိုက်တာဒေါက်တာမာ့(က်)ဒိုင်ဘူလ်;ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည်မတ်လ၃ရက်နေ့ညနေ၅နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်လျက်ရှိသည့် ကမ္ဘာ့ရန်ပုံအဖွဲ့အစည်းမှပေးအပ်သောရန်ပုံငွေများနှင့်အစီအစဉ်များကိစ္စ၊ကမ္ဘာ့ရန်ပုံအဖွဲ့နှင့်မြန်မာနိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားရန်ကိစ္စ၊ကျန်းမာရေးကဏ္ဍကိုမြှင့်တင်သွားခြင်းဖြင့်နိုင်ငံတစ်နိုင်ငံလုံး၏အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ်ကိုအထောက်အကူပြုရန်ကိစ္စရပ် များကိုအမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊နိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်ဦးကျော်ဇေယျနှင့်နိုင်ငံခြားရေးဝန်ကြီးဌာန၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့မှတာဝန်ရှိသူများတက်ရောက်ကြသည်။

အဆိုပါသတင်းအားယနေ့ထုတ်ကြေးမုံသတင်းစာတွင်“အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ်ကိုအထောက်အကူပြုရန်ကိစ္စရပ်များကိုအမြင်ချင်းဖလှယ်ဆွေးနွေး”၊မြန်မာ့အလင်းသတင်းစာတွင်“ကမ္ဘာ့ရန်ပုံငွေအဖွဲ့အစည်းမှပေးအပ်သောရန်ပုံငွေများနှင့်အစီအစဉ်များကိစ္စဆွေးနွေး၊”​The Global New Light of Myanmar သတင်းစာတွင်State Counsellor receives Executive Director of Global Fund to fight AIDS, tuberculosis and malaria”ဟူ၍ခေါင်းကြီးပိုင်းများတွင်ဝေဝေဆာဆာဖေါ်ပြပါရှိသည်။