ငှက်ဖျားသည်မှန်ကန်သောဆေးများဖြင့်ကာကွယ်နိုင်ပြီးကုသပျောက်ကင်းနိုင်သောရောဂါဖြစ်သည်။ မဲခေါင်ဒေသနိုင်ငံများဖြစ်ကြသည့်ကမ္ဘောဒီးယား၊လာအို၊မြန်မာ၊ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့သည်ငှက်ဖျား ရောဂါကာကွယ်ရေးကိုအားမြှင့်ကြိုးပမ်းဆောင်ရွက်နေကြသော်လည်းငှက်ဖျားဆေးယဉ်ပါးမှုကကြီးထွားလာနေသောအန္တရယ်တစ်ခုဖြစ်နေသည်။ထိုသို့ဖြစ်ရသောအကြောင်းရင်းခံများအနက်တစ်ခုမှာဆေးဝါးအတုများရှိနေခြင်းပင်ဖြစ်သည်။ထိုဆေးများတွင်ရောဂါအတွက်ထိရောက်သောပါဝင်ပစ္စည်းများအမှန်တကယ်ပါဝင်မှုမရှိခြင်း၊ထိရောက်မှုရှိစေရန်လိုအပ်သောဆေးပမာဏထက်လျော့နည်းနေခြင်းသို့မဟုတ်ဆေးညွှန်းပေါ်တွင်ဖော်ပြထားသည်နှင့်မတူကွဲလွဲနေသောပါဝင်ပစ္စည်းများဖြစ်နေခြင်းတို့ကိုတွေ့ရသည်။
အကယ်၍သင့်ကလေးကိုငှက်ဖျားရောဂါမှကယ်တင်ရန်သင်ဝယ်ယူလာသောဆေးသည်အတုဖြစ်နေခဲ့လျှင်မည်သို့ဖြစ်မည်နည်း။ဆေးအတုများနှင့်အရည်အသွေးညံ့ဖျင်းသောဆေးများသည်လူတို့ကိုအထောက်အကူမပြုဘဲငှက်ဖျားပိုးများကိုဆေးယဉ်ပါးမှုဖြစ်လာစေရန်သာကူညီပေးသည်။ဆေးအတုများကိုရှာဖွေဖော်ထုတ်ရန်စမ်းသပ်စစ်ဆေးမှုများပြုလုပ်ခြင်းဖြင့်ဒေသဆိုင်ရာကျွမ်းကျင်ပညာရှင်များသည်မကောင်းသောဆေးဝါးများကိုဈေးကွက်မှဖယ်ရှားနိုင်ခဲ့ပြီးအသက်များကိုကယ်တင်နိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင်စစ်မှန်သောဆေးများဖြစ်သည်ကိုသေချာစေရန်မှာလွယ်ကူပါသည်။“ပဒုမ္မာ’’ကိုသာရှာလိုက်ပါ။အရည်အသွေးပြည့်မှီသောငှက်ဖျားဆေးများသည်ငှက်ဖျားရောဂါပြဿနာဖြေရှင်းခြင်း၏တစ်စိတ်တစ်ပိုင်းပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင်ဈေးကွက်မှမကောင်းသောဆေးအတုများကိုဖယ်ရှားရန်ကြိုးပမ်းအားထုတ်မှုများကိုကမ္ဘာ့ရန်ပုံငွေကအထောက်အပံ့ပေးသည်။ကျွန်ုပ်တို့၏လုပ်ဖော်ကိုင်ဖက်များသည်အစိုးရအေဂျင်စီများ၊လက်လီရောင်းချသူများ၊ရပ်ရွာစေတနာ့ဝန်ထမ်းများ၊ငှက်ဖျားရောဂါကူးစက်ခံရရန်အန္တရာယ်ရှိနေသူများနှင့်အတူလက်တွဲ၍ဆေးကောင်တာရှိဆေးသည်အစစ်အမှန်ဖြစ်သည်ကိုသေချာစေရန်ဆောင်ရွက်လုပ်ကိုင်ပေးသည်။ဝယ်ယူရသည်မှာလွယ်ကူပါသည်။“ပဒုမ္မာ” ကိုသာရှာလိုက်ပါ။