မဲခေါင်ဒေသ၌ငှက်ဖျားရောဂါကင်းစင်ပပျောက်အောင်တိုက်ဖျက်ရာတွင်ငှက်ဖျားသူရဲကောင်း များသည်သူတို့အသိုင်းအဝိုင်းကျန်းမာနေစေရန်နေ့စဉ်နှင့်အမျှကာကွယ်စောင့်ရှောက်ပေးနေကြရသည်။စောဇာလီလည်းတစ်ယောက်အပါအဝင်ဖြစ်သည်။
သူသည်သူကဲ့သို့သောလုပ်သားအင်အား(၂၀,၀၀၀) ကျော်ဖြင့်ကမ္ဘောဒီးယား၊လာအို၊မြန်မာ၊ထိုင်းနှင့်ဗီယက်နမ်နိုင်ငံများတစ်လျှောက်ကမ္ဘာ့သက်တမ်းအရှည်ဆုံးလူသတ်ရောဂါကိုရှေ့တန်းမှနေ၍တိုက်ပွဲဆင်နွှဲနေကြသည်။သူတို့၏လက်နက်များမှာဆေးစိမ်ခြင်ထောင်များနှင့်ငှက်ဖျားအမြန်သွေးစစ်ကိရိယာဖြင့်အလျင်အမြန်ရောဂါရှာဖွေရေးစမ်းသပ်စစ်ဆေးမှုများပင်ဖြစ်သည်။
သူတို့သည်အရည်အသွေးအာမခံချက်ရှိသောဆေးများနှင့်အကြံကောင်း၊ဉာဏ်ကောင်းများကို ပေးကြသည်။ကမ္ဘာ့ရန်ပုံငွေအထောက်အပံ့ဖြင့်ကျေးလက်ကျန်းမာရေးဌာနများနည်းပါးပြီးတစ်ခုနှင့်တစ်ခု အလှမ်းကွာသောဝေးလံခေါင်ဖျားဒေသများတွင်ရောဂါရှိသူများကိုရှာဖွေကုသနိုင်ရန်သူတို့ကူညီဆောင်ရွက်ပေးနေကြသည်။ဒေသတစ်ဝန်းတွင်ဆေးယဉ်ပါးသောငှက်ဖျားရောဂါဖြစ်ပွားမှုတိုးများလာနေသဖြင့်အချိန်အခါမလပ်သတိချပ်၍ဆောင်ရွက်လုပ်ကိုင်နေကြရသည်လည်းဖြစ်ပေသည်။