မြန်မာနိုင်ငံတွင် တီဘီရောဂါကင်းစင်သော မြို့နယ်များဖြစ်လာရေးဆီသို့ 20.11.2013

 သာစည်မြို့နယ်မှ စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုကျော်ကျော်မြင့်သည်ကိုဟန်မင်းထွန်းအိမ်သို့သွားရောက်စဉ်။

"လူတွေကိုကျွန်တော့်လိုမခံစားစေချင်ဘူး။ စီမံကိန်းပိုမိုအောင်မြင်ပြီးနေရာဒေသတွေကိုပိုမိုရောက်ရှိပြီးမြန်မာနိုင်ငံမှာတီဘီကင်းစင်တဲ့မြို့တွေပိုများလာပါစေလို့ဆန္ဒပြုပါတယ်။"

၂၀၁၁ ခုနှစ်၊ ဇွန်လတွင် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းသည် MMA နှင့် အတူတွဲ၍ စီမံကိန်းမြို့နယ်များ မှ ဒေသခံစေတနာ့ဝန်ထမ်းများကို သုံးရက်ကြာသင်တန်းများ အစဉ်လိုက်စီစဉ်ပေးခဲ့သည်။ သင်တန်းများ တွင် သရုပ်ဖော်ခြင်း၊ သလိပ်စုဆောင်းခြင်း၊ကို လက်တွေ့သရုပ်ပြရှင်းလင်းခြင်းတို့ ပါဝင်သည်။

သာစည်မြို့နယ်မှ စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုကျော်ကျော်မြင့်သည် ကွင်းဆင်းလုပ်ငန်းများအတွင်း သူ၏ အတွေ့အကြုံများကို သတိရနေခဲ့သည်။ ကျေးရွာတွေကို ပုံမှန်သွားရောက်တဲ့ အတောအတွင်း တီဘီသံသယရှိတဲ့ လူနာတွေကို သူတို့ရဲ့ သလိပ်ဓါတ်ခွဲခန်းပို့ပြီး တီဘီရောဂါရှာဖွေဖော်ထုတ်ဖို့နဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြမဖြစ်ဖို့နဲ့ လိုအပ်တဲ့ အကူအညီအားလုံး ပေးဖို့ကျွန်တော်တို့ရှိနေတယ်ဆို တာကို အခိုင်အမာပြောပြရတယ်။

တီဘီရောဂါသံသယရှိတဲ့လူနာကို ရှာဖွေတွေ့ရှိလာတဲ့အခါ သလိပ်စစ်ဆေးဖို့ ဆွေးနွေးပညာပေးတာက အစ မိသားစုနဲ့ အိမ်နီးနားချင်းတွေကို ဗဟုသုတဖြန့်ဝေ သလိပ်ခွက်တွေကို ဓါတ်ခွဲခန်းကိုယ်တိုင်ပို့ လူနာ အတွက်ဆေးယူ၊ ဆေးပေးပြီးပျောက်ကင်းတဲ့အထိ လူနာရဲ့ တိုးတက်မှုကို စောင့်ကြည့်စစ်ဆေးဖို့ အိမ်ကို ပုံမှန်သွားတာတွေကို အချိန်ပေးလုပ်ပါတယ်။ ဒီလိုလုပ်ပေးတော့ ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့ စီမံကိန်း အပေါ်မှာ ယုံကြည်စိတ်ချမှုရှိလာတာကြောင့် လူနာရှာဖွေတွေ့ရှိတဲ့နှုန်းလည်း မြင့်မားလာတယ်။်

သလိပ်ပြန်လည် စစ်ဆေးရန်အိမ်သို့ပုံမှန်သွားရောက်စဉ် တီဘီကုသမှုကို နှစ်လကျော်ခံယူပြီးသော အသက် (၂၃)နှစ်အရွယ် ကိုဟန်မင်းထွန်းက မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ စေတနာ့ဝန်ထမ်းများကို လှိုက်လှဲသောအပြုံးနဲ့ ကြိုဆိုပြီး သူမည်မျှ ကျေးဇူးတင်ကြောင်း ပြောပြခဲ့သည်။

"လူတွေကို ကျွန်တော့်လို မခံစားစေချင်ဘူး။ စီမံကိန်းပိုမိုအောင်မြင်ပြီး လူတွေဆီကို ပိုမိုတိုးချဲ့ရောက်ရှိနိုင် ဖို့ မျှော်လင့်ပါတယ်။ ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေက စာနာထောက်ထားမှုနဲ့ သူတို့ကို မှီခိုနေရ တဲ့ မိသားစုတွေရဲ့ဘဝမှာ မျှော်လင့်ချက်ပြန်ရလာတယ်။ ကျွန်တော် ဆယ်တန်းအထိ ပညာသင်ကြားခဲ့ပြီး မိခင်မုဆိုးမကြီးနဲ့ မွေးချင်းနှစ်ယောက်ကို ရှာဖွေကျွေးမွေးရပါတယ်။ ကမ္ဘာ့ရန်ပုံငွေက ကူညီထောက်ပံ့တဲ့ တီဘီစီမံကိန်းဟာ သာစည်မြို့နယ်က လူတွေကို အကျိုးအများကြီးရှိစေပြီး အနာဂတ်မှာ သာစည်မြို့နယ်ဟာ ကျန်းမာပြီး တီဘီကင်းစင်တဲ့မြို့ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ကမ္ဘာ့ရန်ပုံငွေက ထောက်ပံ့တဲ့ တီဘီစီမံကိန်းဟာ နေရာဒေသတွေ ကို ပိုမိုရောက်ရှိပြီး မြန်မာနိုင်ငံမှာ တီဘီကင်းစင်တဲ့ မြို့တွေပိုများလာပါစေလို့ ဆန္ဒပြုပါတယ်။"

စေတနာ့ဝန်ထမ်းများနှင့် လူထုတွင်းမှ ကူညီပံ့ပိုးပေးသူများအပါအဝင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ စီမံကိန်းဝန်ထမ်းများသည် ကွင်းဆင်းလုပ်ငန်းများကို ပုံမှန်သွားရောက်လုပ်ကိုင်ကြသည်။ ကျောက်တန်းမြို့ နယ်ဆေးရုံ လက်အောက်ရှိ ရေထွက်ကျေးလက် ကျန်းမာရေးဌာန၊ ရေနီအုပ်စု၊ လက်ပံဇောက်ကျေးရွာသို့ ရောက်ရန် မလှိုင်မြို့နယ်မှ နှစ်နာရီခန့် ဖုန်ထူသော တောလမ်းကို ဖြတ်၍သွားရသည်။

မလှိုင်မြို့နယ်တွင် ကမ္ဘာ့ရန်ပုံငွေက ထောက်ပံ့သော တီဘီစီမံကိန်းမှ စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်သူ မခင်ပြုံးရီကလည်း စေတနာ့ဝန်ထမ်း တစ်ယောက်အနေဖြင့် လူထုအတွင်း တီဘီရောဂါကိုပိုမိုသိရှိ သတိပြု မိလာအောင် လုပ်ဆောင်ပြီး ဆေးရုံများသို့ သလိပ်စစ်ဆေးရန် တီဘီသံသယရှိသော လူနာများကို ရှာဖွေ လွှဲပြောင်းပေးပို့ခြင်း အတွေ့အကြုံများကို မျှဝေပြောပြသည်။

"စေတနာ့ဝန်ထမ်းသင်တန်းပြီးတဲ့အခါ စေတနာ့ဝန်ထမ်းတွေဟာ လူထုက ကူညီပံ့ပိုးပေးသူတွေ ပါဝင်တဲ့ အဖွဲ့နဲ့ ကျေးရွာတွေကို ကွင်းဆင်းလေ့ရှိကြတယ်။ တီဘီရောဂါကာကွယ်ရေး ပိုမိုသိရှိသတိမူလာကြစေဖို့ ရွာသူ၊ ရွာသားတွေကို ကျန်းမာရေးပညာပေး ဟောပြောကြတယ်။ ကမ္ဘာ့ရန်ပုံငွေက ငွေကြေးထောက်ပံ့တဲ့ တီဘီစီမံကိန်းစတင်ပြီး နောက်ပိုင်း မလှိုင်မြို့နယ်မှာ သလိပ်စစ်ဆေးဖို့ လူတွေပိုရောက်လာပြီး တီဘီရောဂါ ကာကွယ်ရေးမှာ ပိုမိုပါဝင်လာတာကို သတိပြုမိတယ်။ ဒါကြောင့် ကျွန်မတို့ ဒီအောင်မြင်မှုအတွက် သိပ်ကျေနပ်ပြီး ကမ္ဘာ့ရန်ပုံငွေက ငွေကြေးထောက်ပံ့တဲ့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းရဲ့ တီဘီရောဂါ ကာကွယ်တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ပိုရှိလာတယ်။"

ကမ္ဘာ့ရန်ပုံငွေက ထောက်ပံ့၍ UNOPS က ပံ့ပိုးကူညီသော မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၏ တီဘီရောဂါ ကင်းစင်ဖို့အတူလက်တွဲ တိုက်ဖျက်စို့ စီမံကိန်းအရှိန်အဟုန်ရလာပြီး စီမံကိန်းဝင်မြို့နယ်များ ဖြစ်ကြသည့် မိတ္ထီလာ၊ မလှိုင်နှင့် သာစည်မြို့နယ်များတွင် တီဘီရောဂါ ကာကွယ်ရေးနှင့် တိုက်ဖျက်ရေး လုပ်ငန်းများ ကျယ်ပြန့်လာသည်နှင့်အမျှ ဒေသခံများ၏ ဘဝအရည်အသွေး တိုးတက်ကောင်းမွန်လာမှုနှင့် အတူ ဒေသဆိုင်ရာစီးပွားရေးလုပ်ငန်းများ ပြန်လည်နာလန်ထူလာပြီး လူမှုရေးဝန်ဆောင်မှုများ ရရှိ ခံစားနိုင် ရန်ဒေသခံ ပြည်သူများအတွက် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ ရှိလာမည်ဖြစ်ပေသည်။