နှစ်သိမ့်တိုင်ပင်ခံဆွေးနွေးသူတစ်ဦး၏ဘဝ 20.04.2014

"နှစ်သိမ့်တိုင်ပင်ခံဆွေးနွေးသူတစ်ယောက်အနေနဲ့ကျွန်တော် ဘဝဟာစွမ်းအင်နဲ့ အလင်းရောင်ထုတ်ပေးတဲ့ လျှပ်စစ်ဓါတ်အားပေးစက် တစ်ခုလိုပါပဲ။ကူးစက် ခံရနိုင်ပေမယ့် အချိန်မီ ကာကွယ်လို့ရနိုင်တဲ့ HIV ကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတမရှိတဲ့ အရင်က မှောင်မိုက်နေတဲ့ ကမ္ဘာကိုအလင်းရောင်ပေးနိုင်ခဲ့ပါတယ်။"

အောင်ပန်းမြို့နယ်၊ ပြည်ကြီးခင်စီမံကိန်းမှ နှစ်သိမ့်တိုင်ပင်ခံ ဆွေးနွေးသူတစ်ဦးဖြစ်သည့် ကိုငွေတိုးပိုင်က ရပ်ရွာစေတနာ့ဝန်ထမ်း တစ်ယောက်မှသည် ယုံကြည်မှုမြင့်မားပြည့်ဝသော နှစ်သိမ့်တိုင်ပင်ခံ ဆွေးနွေးသူ တစ်ယောက်အဖြစ်သို့ ပြောင်းလဲလာပုံ မမေ့နိုင်စရာဘဝခရီးကို အသေးစိတ်ပြန်လည်ပြောပြခဲ့သည်။

``ပြည်ကြီးခင် အောင်ပန်းမြို့နယ် HIV/AIDS စီမံကိန်းက စီစဉ်တဲ့ သင်တန်းကိုတက်ပြီးတော့ ကျွန်တော့်ရဲ့ နှစ်သိမ့်အတိုင်ပင်ခံဆွေးနွေးမှု ကျွမ်းကျင်မှုတွေ သိသိသာသာကြီး တိုးတက်လာခဲ့ပြီး ယုံကြည်မှုလည်း ပိုရှိလာခဲ့တယ်။ လျှို့ဝှက်ချက်တွေက်ု စောင့်ထိန်းလိုက်နာဖို့နဲ့ ဝေဒနာသည်တွေရဲ့ အကျိုးကို အရာအားလုံးထက် ပိုအရေးထားဖို့ဆိုတဲ့ ဆွေးနွေးလမ်းညွန်သူတစ်ယောက်မှာရှိရမဲ့ အရည်အသွေးတွေကို သိလာခဲ့ရတယ်။

"တစ်နေ့ နံနက်ခင်းမှာ ငှက်ကလေးတွေရဲ့ အြော်မည်သံ၊ ဆွမ်းခံကြွတဲ့ သံဃာတော်တွေ ရဲ့ ဆုတောင်းသံတွေနဲ့အတူ အိပ်ယာကနိုးထလာတဲ့အချိန်ကစပြီး ပြည်ကြီးခင် အောင်ပန်းစီမံကိန်းရဲ့ နှစ် သိမ့်တိုင်ပင် ခံဆွေးနွေးသူတစ်ယောက်အဖြစ် ကျွန်တော့်ရဲ့ ဘဝစခဲ့တာပါပဲ၊ အဲဒီနေ့က ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားတဲ့ လူငယ်တစ်ယောက်ရဲ့ အသုဘရှိတယ်။

"ရပ်ကွက်ထဲက တစ်ခြားအသုဘတွေနဲ့မတူဘဲ လာကြတဲ့လူတွေက ကူငွေထည့်ပြီး ကြာကြာမနေဘဲ ပြန်သွားကြတာကို တွေ့တော့ ကျွန်တော်အံ့သြသွားမိတယ်။ ကျွန်တော် သေဆုံးလူငယ်ရဲ့ ကျန်ရစ်သူမိသားစုကို လူမှုစိတ်ပိုင်းဆိုင်ရာ အကူအညီပေးဖို့ အပြေးအလွှာသွားခဲ့တာပါ။

"သေဆုံးသူလူငယ်ဟာ AIDS နဲ့ သေသွားတာကို သိလိုက်ရတော့ အသုဘအိမ်မှာ ရောက်နေတဲ့အတွက် HIV ကူးစက်လာမှာကို စိုးရိမ်ကြောက်ရွံ့ခဲ့မိတယ်။ AIDS နဲ့ သေဆုံးသွားတဲ့သူတွေနဲ့မိသားစုတွေကတ ဆင့် ဒါမှမဟုတ် AIDS လူနာတွေကို ကူညီပေးပြီး နီးနီးကပ်ကပ် နေရုံနဲ့ HIV မကူးစက်နိုင်ဘူးဆိုတာ မကြာ ခင်သိလာတာကြောင့် ပြည်ကြီးခင်ရဲ့ HIV ကာကွယ်ရေးနဲ့ အသိရှိလာအောင်ဖြန့်ဝေပေးတဲ့ သတင်းစကား တွေကို ကျေးဇူးတင်ရမှာပါပဲ။ အဲ့ဒီနေ့ကစပြီး HIV ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက် မရနိုင် တာကြောင့် HIV ကူးစက်တာနဲ့ ပတ်သက်လို့အယူအဆ လွဲမှားနေတဲ့သူတွေကို အသိပညာဗဟုသုတ အခွင့်အရေးရတိုင်း ဖြန့်ဝေပေးခဲ့တယ်။

 "အဲဒီအသုဘကို နောက်ပိုင်းမှာ အောင်ပန်းပြည်ကြီးခင် HIV/AIDS စီမံကိန်းက ဝန်ထမ်းတွေရောက်လာပြီး အလွန်လိုအပ်နေတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးအထောက်အပံ့ ပေးတဲ့အပြင် မြေမြှုပ်သဂြိုလ်တာကိုပါ ကူညီလုပ်ကိုင်ပေးခဲ့တယ်။သူတို့ရဲ့ထူးကဲပြောင်မြောက်တဲ့ လူမှု ရေးလုပ်ငန်းနဲ့ အကူအညီအလွန်လိုအပ်နေသူတွေကို အကူအညီပေးတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့စေ့ဆော်ပေးမှုကြောင့် ကျွန်တော်လည်းအဲ့ဒီနေ့ကစပြီး ပြည်ကြီးခင်အတွက် စေတနာ့ဝန်ထမ်းလုပ်ဖို့ ဆုံးဖြတ် လိုက်ပါတော့တယ်။

"ပြည်ကြီးခင်မှာ လုပ်ကိုင်ရင်းရရှိလာတဲ့ အတွေ့အကြုံတွေအပြင် ထပ်ဆောင်းပေးတဲ့ဝိုင်းဝန်းအားပေးမှုနဲ့ သင်တန်းတွေကြောင့် ကျွန်တော်ရဲ့ဘဝဟာ သာမန်စေတနာ့ဝန်ထမ်းတစ်ယောက်ကနေ အရည်အချင်း မြင့်မားပြီး ယုံကြည်မှုအပြည့်အဝရှိတဲ့ နှစ်သိမ့်တိုင်ပင်ခံ ဆွေးနွေးသူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ ပါတယ်။

"HIV ကူးစက်တာနဲ့ ပတ်သက်တဲ့ ဗဟုသုတဖြန့်ဝေဖို့ ဘဝရဲ့စွမ်းအားတွေ ပြန်လည်ရရှိအောင် PLHIV တွေကို ကူညီဖို့ ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး ဒေသစီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ပြီး အဓိပ္ပါယ်ရှိ တဲ့ဘဝမှာ နေထိုင်နိုင်ကြဖို့ ကျွန်တော်အစွမ်းကုန်ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။

"ကမ္ဘာ့ရန်ပုံငွေကထောက်ပံ့တဲ့ပြည်ကြီးခင်HIV/AIDSစီမံကိန်းရဲ့နှစ်သိမ့်တိုင်ပင်ခံဆွေးနွေးသူတစ်ယောက်အနေဲ့ ကျွန်တော် ဘဝဟာစွမ်းအင်နဲ့ အလင်းရောင်ထုတ်ပေးတဲ့ လျှပ်စစ်ဓါတ်အားပေးစက် တစ်ခုလိုပါပဲ။ကူးစက် ခံရနိုင်ပေမယ့် အချိန်မီ ကာကွယ်လို့ရနိုင်တဲ့ HIV ကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတမရှိတဲ့ အရင်က မှောင်မိုက်နေတဲ့ ကမ္ဘာကိ်ု အလင်းရောင်ပေးနိုင်ခဲ့ပါတယ်။

"HIV ကူးစက်တာခံရပြီး အကူအညီ အလွန် လိုအပ်နေတဲ့ သူအားလုံးကို အကူအညီပေးချင်ပါတယ်။ အလွန်လိုအပ်နေတဲ့ ကူညီထောက်ပံ့မှုကို ပေးတဲ့အတွက် UNOPS နဲ့ ကမ္ဘာ့ရန်ပုံငွေက ငွေကြေးထောက်ပံ့တဲ့ ပြည်ကြီးခင် HIV/AIDS စီမံကိန်းတို့ကို ကျေးဇူးတင်ရှိပါတယ်။"