တောက်ပသော အနာဂတ်ကို လှမ်းမြင်နိုင်သော ပြတင်းပေါက်ကလေး 20.05.2013

"မူးယစ်ဆေးသုံးစွဲတဲ့သူအားလုံး မူးယစ်ဆေးဆိုတဲ့ အရိပ်မည်းကြီးအောက်က လွတ်မြောက်ပြီးလိုအပ်တဲ့အကူ အညီအားလုံးရရှိနိုင်ပါစေလို့ ကျွန်တော်ဆန္ဒပြုပါတယ်။ မှောင်မည်းနေတဲ့ မူးယစ်ဆေး လှောင်အိမ်က လွတ်မြောက်ရုန်းထွက်နိုင်တဲ့လမ်းကို MANA က ပြပေးခဲ့ပါတယ်။ တောက်ပတဲ့ အနာဂတ်ကိုလှမ်းမြင်နိုင်ဖို့ပြတင်းပေါက်ကလေးကိုMANAကဖွင့်ပေးခဲ့ပါတယ်။"

ကွတ်ခိုင်ရှိ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) ရိပ်မွန်သို့လာရောက်နေကျလူငယ်တစ်ဦးက MANA သည် သူ၏ဘဝလုံးဝပြောင်းလဲ သွားစေသောကြောင့် ကျေးဇူးတင်ကြောင်း အောက်ပါအတိုင်း ဖော်ပြပြောဆိုသည်။

"ကျွန်တော်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက သာယာလှပတဲ့ တောင်ပေါ်မြို့ကလေး ကွတ်ခိုင်က ဒေသခံတစ်ယောက်ပါ မြို့ကလေးက သာယာလှပပေမယ့် ကျွန်တော်ရဲ့ ဘဝကတော့ အရုပ်ဆိုးအကျည်း တန်လှပါတယ်။ ကျွန်တော်ဟာ မူးယစ်ဆေးစွဲနေသူတစ်ယောက်ဖြစ်လို့ မိသားစု မိတ်ဆွေသူငယ်ချင်း တွေနဲ့ မြို့သူမြို့သားအားလုံးရဲ့ စွန့်ပယ်ခြင်းကို ခံနေရသူဖြစ်ပါတယ်

"မူးယစ်ဆေးက ကျွန်တော့်ဘဝကို ဖျက်စီးခဲ့ပါတယ်။ မူးယစ်ဆေးစွဲနေပြီးမို့ နေ့ရောညပါ ဒါကိုပဲစဉ်းစားနေမိ ပါတယ်။ အကြောထဲကို မူးယစ်ဆေးထိုးဖို့ ရင်ထဲအသည်းထဲက တောင်းဆိုလာတဲ့ ပြင်းပြတဲ့ဆန္ဒကို မတွန်း လှန်နိုင်ခဲ့ပါဘူး။ မူးယစ်ဆေးရဲ့ ကျေးကျွန်ဖြစ်နေပြီမို့ ကိုယ်ခန္ဓာက တောင်းဆိုလာတဲ့ ဆန္ဒကို ဖြည့်ဆည်း နိုင်ဖို့ နည်းမျိုးစုံနဲ့ ပိုက်ဆံရှာခဲ့ပါတယ်။ နေ့ရောညပါ အတွေးထဲမှာ မူးယစ်ဆေးကသာ လွှမ်းမိုးနေရာယူ ထားတာကြောင့် ဘာကိုမှ အာရုံမစိုက်နိုင်တော့ဘဲ မိသားစုနဲ့ ဆွေမျိုးတွေအပေါ်မှာလည်း ဘာတာဝန်မှ မယူနိုင်တော့လို့ သူတို့က မုန်းတီးလာပြီးစွန့်ပစ်တဲ့ အပယ်ခံဘဝကို ရောက်ရတော့တာပါပဲ။

"ကျွန်တော့်ဘဝကို ဆင်းဆင်းရဲရဲနဲ့ ရုန်းကန်ခဲ့ရပါတယ်။ ကျွေးမဲ့လူမရှိ ဂရုစိုက်မယ့်သူမရှိနဲ့ လမ်းပေါ်မှာ နေ့ရောညပါ ယောင်ပေပေနဲ့ နေခဲ့ရပါတယ်။ မူးယစ်ဆေးထိုးနေတုန်း ရဲတွေရောက်လာပြီး လိုက်ဖမ်းလို့ မြို့စွန်မြို့ဖျားက ချုံပုတ်တွေထဲမှာ အိပ်ခဲ့ရတဲ့ညတွေလည်း် မရေမတွက်နိုင်အောင်ပါပဲ။ မျှော်လင့်ချက်ကင်း မဲ့ပြီး ကူရာကယ်ရာမဲ့နေတဲ့ ခံစားချက်တွေကို ဘယ်သူကမှ ဂရုမစိုက်ဘဲ မှောင်မိုက်နေတဲ့ ကျွန်တော်ရဲ့ ဘဝကို ဘယ်သူမှလည်း သိမှာမဟုတ်ဘူးလို့ တွေးမိပါတယ်။

"ကျွန်တော့်ဘဝကို လက်မြှောက်အရှုံးပေး ရတော့မဲ့ဆဲဆဲမှာပဲ ကျွန်တော့်သူငယ်ချင်းတွေကတဆင့် MANA နဲ့ ပတ်သက်လို့ သိလာခဲ့ရပါတယ်။ MANA ဟာ ကျွန်တော်ရဲ့ ကယ်တင်ရှင်ပါပဲ။ MANA ဟာ မူးယစ်ဆေးသုံးစွဲသူများအတွက် HIV ကာကွယ် ရေးနဲ့ ဘေးအန္တရာယ်လျှော့ချရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါတယ်။ အခုဆိုရင် ကွတ်ခိုင်မှာ MANA ရုံးခန်းဖွင့်ထားပြီးဆိုတော့ ကျွန်တော်နဲ့ဘဝတူ ဆေးသမားတွေအဖို့ MANA က ဝန်ထမ်းတွေဟာ ကျွန်တော့် ဆွေမျိုးအရင်းအချာတွေ ထက်တောင်ပိုပြီး ချစ်ခင်တွယ်တာစရာဖြစ်ခဲ့ ပါတယ်။

"ဝန်ထမ်းတွေက ကျွန်တော်တို့ကို နွေးနွေးထွေးထွေး လက်ကမ်းကြိုဆိုပြီး တောက်ပတဲ့အနာဂတ်ဆီသို့ ရောက်အောင် လမ်းညွှန်ပေးနိုင်ခဲ့ပါတယ်။ MANA ရဲ့ ကျန်းမာရေးပညာပေးဆွေးနွေးပွဲတွေကတဆင့် မူးယစ်ဆေးသုံးစွဲမှုရဲ့ ဆိုးကျိုးတွေနဲ့ HIV အသဲရောင် STIs လို ရောဂါတွေ ကူးစက်လာနိုင်တဲ့ အန္တရာယ် တွေကိုလည်း သိရှိလာခဲ့ရပါတယ်။

 "မူးယစ်ဆေးဝါးရဲ့ လွှမ်းမိုးမှုကြောင့် ဒါမှမဟုတ် မူးယစ်ဆေးဝါးအတွက် ရာဇဝတ်ပြစ်မှုတွေ ကျူးလွန်မိနိုင်တယ်ဆိုတာကိုလည်း သိမြင်နားလည်ခဲ့ပါတယ်။ ကွန်ဒုံး နဲ့ ပတ်သက်ပြီး သိလာရပြီး ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့ လက်တွဲဖော်တွေကို HIV နှင့် STIs ကနေ ဘယ်လို အကာအကွယ်ပေးနိုင်တယ်ဆိုတာကိုလည်း သိလာခဲ့ရပါတယ်။ မက်သာဒုန်း (methadone) ဆေးကိုစပေးပြီး မက်သာဒုန်းသောက်လို့ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကိုလည်း သိလာရပါတယ်။် သူတို့ရဲ့ လမ်းညွန်ထိန်းသိမ်းပေးမှုနဲ့ မက်သာဒုန်း အစားထိုးကုသမှုအစီအစဉ် MMT (Methadone Maintenance Therapy) ကြောင့် ကျွန်တော်ကိုယ့်ကိုယ်ကိုထိန်းချုပ်လာနိုင်ခဲ့ပါတယ်။

"MANA က ဝန်ထမ်းတွေနဲ့ နှစ်သိမ့်ဆွေးနွေးပညာပေးသူတွေဟာ ဘယ်တော့မှ မမေ့နိုင်ဘဲ ကျွန်တော်တို့ ရဲ့ ကျေးဇူးရှင်ကြီးတွေပါပဲ။ ကျွန်တော်တို့ရဲ့ မိသားစုတွေကပစ်ပယ်ထားခဲ့ကြပေမယ့် သူတို့ ပြန်လည် လက်ခံလာအောင် နှစ်သိမ့်ဆွေးနွေး ပညာပေးသူတွေက စိတ်ရှည်ရှည်နဲ့ ကူညီပေးခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ဘဝကိုနားလည်လက်ခံလာအောင်တဖြည်းဖြည်းနဲ့လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ စိုးရိမ်မှု တွေကိုအမြဲ ဂရုတစိုက်နားထောင်ပြီး စိတ်ရှည်ရှည်နဲ့ နှစ်သိမ့်ဆွေးနွေးပညာပေးမှုကြောင့် သွေးစစ်ကြည့်ဖို့ လိုအပ်တာကို သိရှိခဲ့ရပါတယ်။

"ကျွန်တော်သူတို့ကို ယုံကြည်စိတ်ချမှု အပြည့်အဝရှိတာကြောင့် HIV ပိုးရှိ မရှိကိုလည်း စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက်တော့ ကျွန်တော်ရဲ့ကျန်တဲ့ဘဝ အစိတ်အပိုင်းကို အသိုင်းအဝိုင်းအတွက် အသုံးဝင်ပြီးတာဝန်ကျေတဲ့လူတစ်ယောက်အဖြစ်သက်သေပြပြီးနေထိုင်သွားမယ်လို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဘယ်သူကမှ မခိုင်းဘဲ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေပြီး ဘဝတူတွေကို ကျွန်တော်တို့ရရှိခဲ့တဲ့ HIV ကာကွယ်ရေး နဲ့ ဘေးအန္တရာယ်လျှော့ချရေး ဗဟုသုတတွေကို ဖြန့်ဖြူးပေးခဲ့ပါတယ်။ ကွတ်ခိုင်မှာရှိတဲ့ MANA ရုံးအကြောင်း ပေးနေတဲ့ ဝန်ဆောင်မှုတွေနဲ့ MANA ရဲ့ တံခါးဟာ အကူအညီလိုအပ်နေတဲ့ သူအားလုံးအတွက် အမြဲဖွင့်ထားတယ်ဆိုတဲ့ သတင်းတွေကိုလည်း ဖြန့်ဝေပေးပါတယ်။

"မူးယစ်ဆေးသုံးစွဲတဲ့သူအားလုံး မူးယစ်ဆေးဆိုတဲ့ အရိပ်မည်းကြီးအောက်က လွတ်မြောက်ပြီးလိုအပ်တဲ့အကူ အညီအားလုံးရရှိနိုင်ပါစေလို့ ကျွန်တော်ဆန္ဒပြုပါတယ်။ မှောင်မည်းနေတဲ့ မူးယစ်ဆေး လှောင်အိမ်က လွတ်မြောက်ရုန်းထွက်နိုင်တဲ့လမ်းကို MANA က ပြပေးခဲ့ပါတယ်။ တောက်ပတဲ့ အနာဂတ်ကိုလှမ်းမြင်နိုင်ဖို့ပြတင်းပေါက်ကလေးကိုMANAကဖွင့်ပေးခဲ့ပါတယ်။အကူအညီအလွန်လိုအပ်နေတဲ့ သူတွေကို ကူညီထောက်ပံ့ပေးနေတဲ့အတွက် ကမ္ဘာ့ရန်ပုံငွေနဲ့ MANA က ဝန်ထမ်းတွေကို ကျွန်တော်တို့ အစဉ်အမြဲ ကျေးဇူးတင်နေမှာပါ။"

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) သည်မူးယစ်ဆေးဝါးသုံးစွဲသူများကြားတွင် HIV ကူးစက်ပျံ့နှံ့မှုနှုန်း မြင့်မားသော ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွတ်ခိုင်နှင့် မူဆယ်တို့တွင် ၂၀၁၁ ခုနှစ်မှစ၍ကမ္ဘာ့ရန်ပုံငွေ၏ထောက်ပံ့ကူညီမှုဖြင့်မူးယစ်ဆေးဝါးသုံးစွဲသူများအားHIVကူးစက်မှုကာကွယ်ခြင်းနှင့် ဘေးအန္တရာယ် လျှော့ချခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။