ပြည်ကြီးခင်အဖွဲ့၏ပုသိမ်ရုံးခွဲမှ ပြုစုစောင့်ရှောက်ပေးသူမစန်းစန်းမော်ကသူမပြုစုစောင့်ရှောက်နေသော လူနာတစ်ဦးအေအာတီဆေး၏ကျေးဇူးကြောင့် ကျန်းမာရေးပြန်လည်ကောင်းမွန် လာပုံကို ပြောပြပါသည်။
ကျွန်မတို့အနေနဲ့ မိမိကိုယ်ကို HIV ပိုး ကူးစက်ခံရမှုမှ ကာကွယ်ဖို့ တာဝန်ယူရပါမယ်။ ကျွန်မတို့ ကျန်းမာ ရေးကောင်းဖို့အတွက် ကာကွယ်ရေးဆိုင်ရာ အပြုအမူတွေကို ကျင့်သုံးဖို့ စိတ်ဆုံးဖြတ်ချက်ကလည်း ကျွန်မတို့အပေါ်မှာပဲ မူတည်ပါတယ်။ ဒါပေမဲ့လည်း မကြာခဏဆိုသလို အကာအကွယ် မယူပဲ တစ်ကြိမ် တစ်ခါလောက် လိင်ဆက်ဆံတာလောက်နဲ့တင် HIV ပိုးကူးစက်ခံရနိုင်တယ်ဆိုတာ ယုံကြည်ဖို့ကိုလည်း ငြင်းဆန်တတ်ကြတယ်လေ။ အခုပြောပြမှာက ကျွန်မအိမ်တိုင်ရာရောက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသူ တစ်ဦးရဲ့ ဇာတ်လမ်းလေးပါ။
"သူက အိမ်ထောင်မကျခင်က စက်ချုပ်ဆ၇ာအဖြစ် အသက်မွေးတာ အတော်လေးဟန်ကျ ပန်ကျရှိခဲ့ ပါတယ်။ ဒါပေမဲ့ အိမ်ထောင်ကျပြီးနောက် မိသားစုဝင်တွေ တိုးပွားလာတော့ ဒီလုပ်ငန်းကရတဲ့ ဝင်ငွေက မိသားစုထောက်ပံ့ဖို့ အနိုင်နိုင်ဖြစ်လာတယ်။ အဲဒီအချိန်မှာပဲ သူကဘဝလမ်းကြောင်း သစ်ပြောင်းဖို့ ဆုံးဖြတ်ခဲ့ပြီး ထရပ်ကားမောင်းအနေနဲ့ အသက်မွေးခဲ့ပါတယ်။ ထရပ်ကားမောင်းတဲ့ဝင်ငွေက မိသားစုကို လုံလုံလောက်လောက် ထောက်ပံနိုင်ခဲ့ပါတယ်။
"ဒါပေမယ့် မကြာခဏဆိုသလို အိမ်နဲ့ခွဲပြီး ခရီးဝေးကိုရက်ရှည်သွားရတတ်တယ်။ အဲဒီကံဆိုးတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ညတစ်ညကို သူခပ်ရေးရေးမှတ်မိနေဆဲ ပါပဲ။ အရမ်းပင်ပန်းတဲ့ ရက်တွေဆိုရင် ကျွန်တော်အရက်သောက်ပြီး အပန်းဖြေတယ်။ ထရပ်ကားနဲ့ သွားတဲ့ ခရီးစဉ်တစ်ခုမှာ ကျွန်တော်လမ်းဘေးက မိုတယ်တစ်ခုမှ ညအိပ်ဖို့တည်းတော့ ပင်ပန်းတာလည်း တစ်ကြောင်း အိမ်နဲ့လည်း ဝေးနေတာကတစ်ကြောင်းဆိုတော့ မိုတယ်က မိန်းကလေးတစ်ယောက်နဲ့ အိပ်လိုက်မိတယ်။ အရက်ကလည်း အတော်မူးနေတော့ ကွန်ဒုံးမသုံးဖြစ်ဘူးလေ။
"ဒီအတွေ့အကြုံအရိပ်ဆိုးတစ်ခုကလွဲပြီးရင် သူကသူ့မိသားစုအတွက် သစ္စာရှိတဲ့ ယောကျာ်းတစ်ယောက် ချစ်မြတ်နိုးတဲ့ဖခင်ကောင်းတစ်ယောက် ကာကွယ်စောင့်ရှောက်ပေးတဲ့ အဖိုးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူ့ မိသားစုဘဝကလည်း သာယာပျော်ရွှင် ချမ်းမြေ့ခဲ့ပါတယ်။ မေလ (၁၆)ရက်နေ့ ၂၀၁၁ ခုနှစ်မှာ မျှော်လင့် မထားတဲ့ ဘဝအလှည့်အပြောင်းတစ်ခု မဖြစ်ခင်အထိပေါ့လေ။
"သူကအဲဒီနေ့က အတွေ့အကြုံကို ပြန်ပြောပါတယ်။
"ဘဝက မျှော်လင့်မထားတဲ့အပြောင်းအလဲတွေ ရုတ်တရက်မပေါ်လာခင်အထိ ငြိမ်းချမ်း တည်ငြိမ်ခဲ့ပါတယ်။ ပထမဆုံးအဖျားတက်ပြီး ချောင်းအဆက်မပြတ် ဆိုးလာတယ်။ အလုပ်ပါထွက်လိုက်ရတဲ့အထိ ဖြစ်လာ တယ်။ ဒါနဲ့ကျွန်တော်လည်း စိတ်တွေလေးလံပြီး ဆေးစစ်ဖို့ ဆေးရုံကိုသွားခဲ့ပါတယ်။ လိုအပ်တဲ့ဆေးစစ် မှုတွေလုပ်ပြီးတော့ တီဘီကြောင့် ချောင်းအဆက်မပြတ်ဆိုးနေတာလို့ သိရတယ်။ ထပ်ပြီးဆေးစစ်မှုတွေ လုပ်တော့ ဆေးစစ်ချက်အဖြေတွေက ကျွန်တော်မှာ ကျန်တဲ့အင်အားတွေအကုန်လုံးကို မောင်းနှင်ပစ်လိုက် သလိုပါပဲ။ ကျွန်တော့်မှာ တီဘီလို အခွင့်အရေးယူဝင်ရောက်လာတဲ့ ရောဂါပိုးတွေကိုခုခံနိုင်တဲ့ ကျွန်တော့်ရဲ့ ခုခံအားတွေကို အားနည်းစေတဲ့ HIV ပိုးကူးစက်ခံနေရတယ်ဆိုတာ သိလိုက်ရတယ် လို့ပြောပြတယ်။
"သူ့မှာ မျှော်လင့်ချက်တွေကင်းမဲ့ပြီး အသက်ရှင်သန်ဖို့ သတ္တိမရှိတော့ပါဘူး။ ကျွန်တော့်ကို အကြောက် တရားတွေ မျှော်လင့်ချက်ကင်းမဲ့မှုနဲ့ သေရတော့မယ်ဆိုတဲ့ အသိတွေက ဖုံးလွှမ်းထားတယ်။ ကျွန်တော် တစ်ယောက်တည်းပဲပုန်းနေချင်ခဲ့တယ်။ မိသားစုနဲ့လည်းရင်မဆိုင်ရဲဘူး။ ကျွန်တော့်ရဲ့ ဆိုးရွားနေတဲ့ ကျန်းမာရေးအခြေအနေရဲ့ အကြောင်းရင်းကိုလည်း ရှင်းမပြရဲဘူး။
"သူအဲဒီလို ရုန်းကန်နေရစဉ်မှာပဲ ဆေးရုံတီဘီဌာနကနေပြီး ပြည်ကြီးခင် အဖွဲ့ရဲ့ အားမာန်သစ် ကိုယ်ထူ ကိုယ်ထအဖွဲ့အကြောင်း သတင်းရတယ်။ ပြည်ကြီးခင် အဖွဲ့မှာ ပညာပေးဆွေးနွေးပွဲတွေ ပုံမှန်တက်ပြီး တော့ HIV ပိုးကူးစက်ခံရတဲ့ သူတွေအတွက် ရနိုင်တဲ့ စောင့်ရှောက်ပံ့ပိုးမှုတွေနဲ့ အေအာတီ ဆေးဝါးတွေ အကြောင်းသိလာပြီး HIV ပိုးကူးစက်ခံရနေရပေမယ့် ဘဝကိုဘယ်လိုပြည့်ပြည့်ဝ၀ ရှင်သန်နိုင်မလဲဆိုတာ သိလာတယ်။
"သူနဲ့သူ့ အမျိုးသမီးတို့က ပြည်ကြီးခင် အဖွဲ့က လူနာစောင့်သူတွေ စေတနာ့ဝန်ထမ်းတွေကို ထာဝရ ကျေးဇူးတင်ပါတယ်။ သူတို့က ကျွန်တော်ရဲ့ ပူပင်သောကတွေကို နားလည်ပေးပြီးတော့ သူတို့ရဲ့အချိန် တွေ ကြိုးပမ်းအားထုတ်မှုတွေကို ပေးဆပ်ပြီး ကျွန်တော်တို့အိမ်ကို လာရောက်ပြုစုပေးကြတယ်။ ကျွန်တော် တို့ကို တီဘီရောဂါပျောက်ဆေးတွေနဲ့ အခြားဆေးဝါးတွေ ထောက်ပံ့ကူညီပေးပြီး ဘေးထွက်ဆိုးကျိုးတွေ ကို အနီးကပ်စောင့်ကြည့်ပေးတယ် လို့သူကပြောပါတယ်။
"သူ့အနေနဲ့ပြည်ကြီးခင်အဖွဲ့ကလုပ်ငန်းအပေါ်မှာ စိတ်ရောဂါကိုယ်ပါနှစ်မြှပ်ထားတဲ့ဝန်ထမ်းတွေရဲ့ စောင့်ရှောက်မှုအကူအညီနဲ့ အေအာတီ ဆေးကိုအောင်အောင်မြင်မြင် သောက်နိုင်ခဲ့တာကို ဘယ်တော့မှ မေ့နိုင်မယ်မဟုတ်ပါဘူး။ ပြည်ကြီးခင် အဖွဲ့ကဆရာဝန်တွေ သူနာပြုတွေ ဝန်ထမ်းတွေနဲ့ လူနာစောင့် ရှောက်သူတွေက ကျွန်တော့်ရဲ့ CD4 အဆင့် 99 အထိ ကျဆင်းသွားချိန်မှာ AIDS ဆက်စပ်တဲ့ ကူးစက် ရောဂါတွေဖြစ်တဲ့ တီဘီ၊ ခြေသည်း လက်သည်းမှိုနာရောဂါ၊ မက်ခရုနှင့် ရေယုန်တွေပေါက်ပြီး ကျွန်တော့် ကျန်းမာရေး ယိုယွင်းလာတဲ့အချိန်မှာ လိုအပ်တဲ့ စောင့်ရှောက်မှုနဲ့ ပံ့ပိုးမှုတွေကို ပေးခဲ့ကြပါတယ်။
"သူတို့က ကျွန်တော့်ကို သင်္ချိုင်းက ပြန်ဆွဲခေါ်ခဲ့တဲ့ ART စတင်သောက်ဖို့ ကူညီပေးခဲ့ပါတယ်။ အခုဆိုရင် သူက အေအာတီ ကိုသောက်ပြီး ပုံမှန်အလုပ်လုပ်နိုင်နေပြီး စက်ချုပ်သမားအဖြစ် ပြန်လုပ်ကိုင်နေပြီး သူ့မိသားစု နဲ့ ဘဝကိုအကောင်းဆုံးဖြတ်သန်းနေပါပြီ။ အိမ်တိုင်ရာရောက် ကုသမှုခရီးစဉ်တွေမှာ ပြည်ကြီးခင် အဖွဲ့က စောင့်ရှောက်မှုပေးတဲ့ လူမှုကူညီရေး စေတနာ့ဝန်ထမ်းတွေကို အေအာတီရဲ့ အစွမ်းနဲ့ ပြန်လည်ရရှိလာတဲ့ ခွန်အားတွေနဲ့ ပြုံးပြုံးရွှင်ရွှင်နဲ့ တောက်ပတဲ့အပြုံးနဲ့ သူကအမြဲတမ်း နှုတ်ခွန်းဆက်လေ့ရှိပါတယ်။"
ပြည်ကြီးခင် အဖွဲ့သည် ၂၀၁၁ ခုနှစ်မှစတင်၍ ကမ္ဘာ့ရန်ပုံငွေအဖွဲ့၏ ပံ့ပိုးမှုဖြင့် ၄င်း၏ အိတ်(ချ်)အိုင်ဗွီ၊ အေအိုင်ဒီအက်(စ်)တိုက်ဖျက်ရေးအစီအစဉ်ကို အကောင်အထည်ဖော် လျက်ရှိပါသည်။