ကမ္ဘာ့ရန်ပုံငွေကထောက်ပံ့သော မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ တီဘီရောဂါ တိုက်ဖျက်ရေးစီမံချက်သည်မြန်မာနိုင်ငံရှိဝေးလံခေါင်သီ ကျေးရွာများတွင် အရည်အသွေးပြည့်မီသည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများရရှိရန်အကန့်အသတ်ရှိနေသာလူမှုစီးပွားချို့တဲ့ပြည်သူများအသက်ကယ်တီဘီရောဂါကုသမှုလက်လှမ်းမီအောင်ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။ အသက်၄၀နှစ်ရှိကျောက်တူးလုပ်သားဟောင်းမောင်ဝင်းဇော်တီဘီရောဂါပျောက်ကင်းသွားခြင်းသည် မြန်မာနိုင်ငံ၏ဝေလံခေါင်ဖျားဒေသများတွင်ကမ္ဘာ့ရန်ပုံငွေအထောက်အပံ့ဖြင့်တီဘီရောဂါအတွက်သင့်လျော်သောပြုစုစောင့်ရှောက်မှုနှင့်ကုသမှုရယူရန်မည်သို့ကူညီကယ်တင်ပေးခဲ့သည်ဆိုသည့် ဥပမာတစ်ခုပင်ဖြစ်သည်။
၂၀၁၁ ခုနှစ်ကတည်းက ကမ္ဘာ့ရန်ပုံငွေ၏ အထောက်အပံ့ဖြင့် တီဘီတိုက်ဖျက်ရေးစီမံချက် ကို တီဘီရောဂါ ဖြစ်ပွားမှုနှုန်းမြင့်မားသော မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ပူပြင်းခြောက်သွေ့သော ဒေသများဖြစ်သည့် မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း၊ ဆိတ်ဖြူ၊ မြိုင်နှင့် ပခုက္ကူမြို့နယ်များတွင် အကောင်အထည်ဖော် လုပ်ကိုင်နေခဲ့ သည်။
၂၀၁၄ ခုနှစ် နောက်ပိုင်းမှစ၍ ပုလဲ၊ ကနီနှင့် တန့်ဆယ်မြို့နယ်များကို စီမံကိန်းအကျုံးဝင် ဒေသများ အဖြစ် အောင်မြင်စွာ တိုးချဲ့လုပ်ကိုင်နိုင်ခဲ့သည်။ စီမံကိန်းလုပ်ငန်းများတွင် တီဘီရောဂါနှင့် ပတ်သက်၍ ပိုမို သိရှိသတိပြုမိလာစေရန် တီဘီရောဂါအတွက် ရရှိနိုင်သော ဝန်ဆောင်မှုများနှင့် ရှာဖွေကုသမှုတိုးများလာ စေခြင်းတို့ပါဝင်သည်။
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ စီမံချက်ညှိနှိုင်းရေးမှူး ဦးချမ်းမြေ့လင်းနှင့် တီဘီစေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သား ကိုနေလင်းထွန်းတို့သည် ပုလဲမြို့နယ်၊ ဂျပ်ရွာတွင် ကျန်းမာ ရေးဟောပြောပွဲပြုလုပ်စဉ် အတောအတွင်း ကိုဝင်းဇော်၏ မနာမကျန်းဖြစ်နေမှုကို ကိုဝင်းဇော်၏ ဇနီးမှ တဆင့်သိရှိခဲ့ကြရသည်။
"ဆရာ၊ ကျွန်မ အမျိုးသားအဖျားတက်ပြီး ချောင်းတောက်လျှောက်ဆိုးနေတာ တစ်လကျော်နေပါပြီ။ ဆေးကုသပေမဲ့လည်း ချောင်းဆိုး မသက်သာဘဲ ပိုဆိုးလာတယ်။ သလိပ်ထဲမှာလည်း သွေးစကလေးတွေ မကြာခဏပါလာတယ်။ ကျေးဇူးပြုပြီး လိုအပ်တဲ့ကုသမှုရရှိရန် ကူညီပေးပါဆရာရယ် ဟု ကိုဝင်းမောင်၏ ဇနီး မကြည်ကြည်အေးက အကူအညီတောင်းခံလာသည်။"
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတီဘီရောဂါတိုက်ဖျက်ရေးစီမံချက်ကကျန်းမာရေးပညာပေး ဟောပြောပွဲမှတီဘီရောဂါလက္ခဏာဖြစ်ပွားပုံကူးစက်ပုံကာကွယ်ပုံသံသယရှိပါကမည်သို့ကုသမှုခံယူမည်ဆိုသည်တို့နှင့်ပတ်သက်၍သိရှိနားလည်လာပြီးနောက်ပိုင်းတွင်ယခုကဲ့သို့အကူအညီတောင်းခံလာခြင်းဖြစ်ပါသည်။
ဂျပ်ရွာမှ ၃၅ မိနစ်ခန့် ဖုန်ထူထပ်သောလမ်းတစ်လျှောက် လမ်းလျှောက်လာပြီးနောက် အစီအရီရှိနေသော တဲတိုက်ကလေးကို မြင်တွေ့လာရသည်။ တဲအိမ်ငယ်ကလေးတစ်ခုအတွင်း အိပ်ယာအပေါ်တွင် လှဲနေ သော ချောင်းဆိုးပြီး ပိန်လှီကာ နာမကျန်းဖြစ်နေသော ကိုဝင်းဇော်ကို သူတို့တွေ့လိုက်ကြရသည်။
သူ့တွင် တီဘီရောဂါသံသယရှိကြောင်း အချိန်တိုအတွင်း ဆုံးဖြတ်ချက်ချနိုင်ခဲ့သည်။ တီဘီတိုက်ဖျက်ရေးစီမံချက်မှ သလိပ်အခမဲ့စစ်ဆေးပေးခြင်း၊ အာဟာရထောက်ပံ့ကြေးများနှင့် လူနာအသုံးအဆောင်များပေးခြင်း၊ဆေးရုံတွင်ဆေးကုသမှုခံယူနိုင်ရန်ခရီးစရိတ်ထောက်ပံ့ပေးခြင်းတို့ကို ပြုလုပ်ပေးသည်။
လူနာနှင့် သူ၏ မိသားစုများကိုတီဘီရောဂါကုသမှုမည်သို့ခံယူရမည်။ဘေးထွက်ဆိုးကျိုးများအတွက် မည်သို့ပြုစုစောင့်ရှောက်မှု ရယူရမည်၊မိမိတို့ကိုယ်ကိုကာကွယ်ရန်သလိပ်မည်သို့ စနစ်တကျ စွန့်ပစ်ရမည်ဆိုသည်တို့အပြင် ထိတွေ့ ဆက်ဆံမှုရှိသော အခြားအိမ်များသို့ ဆက်လက်ကူးစက်မှု မရှိစေရန် မည်သို့ကာကွယ်ရမည်တို့ကိုလည်းပညာပေးသည်။ လူနာများကို သလိပ်စစ်ဆေးရန် နမူနာအဖြစ် သလိပ်မည်သို့ ထွေးရမည်ကို လည်း ပြသပေးသည်။် ပုလဲမြို့ရှိ ဆေးရုံတွင် စစ်ဆေးရန်အတွက် ကိုဝင်းဇော်၏ သလိပ်ခွက်များကို ကိုနေလင်းထွန်း ကိုယ်တိုင်ယူဆောင်သွားသည်။ တီဘီ ရောဂါရှိနေသည်ကို ဆေးရုံတွင် သလိပ်စစ်ဆေးပြီး နောက် တီဘီပိုးတွေ့ရှိခဲ့သည်။
ယခုဆိုလျှင် ကိုဝင်းဇော်သည် တီဘီဆေးသောက်ခဲ့သည်မှာနှစ်လခန့်ရှိခဲ့ပြီ ဖြစ်သည်။ စားဝတ်နေရေး အတွက် အလုပ်ပြန်လည် လုပ်ကိုင်နိုင်ခဲ့ပြီး ဆင်းရဲချို့တဲ့သော သူ့မိသားစုကို ယခင်ကကဲ့သို့ပင် ပြန်လည် ထောက်ပံ့ပေးနိုင်နေပြီ ဖြစ်သည်။ MHAA ၏ တီဘီကုသမှုခံယူမှု စောင့်ကြည့်ရေးအဖွဲ့ သူ့အိမ်သို့ ရောက် ရှိ လာစဉ်တွင် ကိုဝင်းဇော်က ဝမ်းသာလှိုက်လှဲသော အပြုံးဖြင့် ကြိုဆိုပြီး ကမ္ဘာ့ရန်ပုံငွေ အထောက်အပံနဲ့ MHAA ရဲ့ တီဘီရောဂါ တိုက်ဖျက်ရေးစီမံချက်ကပေးတဲ့ တီဘီကုသမှုနဲ့ ပြုစုစောင့်ရှောက်မှု ဝန်ဆောင်မှု လုပ်ငန်းတွေအတွက် အရမ်းကျေးဇူးတင်တယ်ဗျာ။ တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်က တီဘီရောဂါကုသ ဆေးတွေ ရရှိရန်ကုညီပေးရုံတင်မက လိုအပ်တဲ့ပြုစုစောင့်ရှောက်မှုနဲ့ အကူအညီ အထောက်အပံ့ဝန်ဆောင် မှုတွေကိုလည်း ပေးတယ်။ ဒီလိုပြုစုစောင့်ရှောက်မှု ဝန်ဆောင်မှု လုပ်ငန်းတွေတွေကြောင့် ဆေးယဉ်ပါးမှုကို လျော့နည်းစေပြီး တီဘီရောဂါ ဆက်လက် ကူးစက်ပျံ့ပွားတာကိုလည်း ကာကွယ်ပေးမှာပါ ဟု ပြောကြားခဲ့ပါသည်။