‘စီမံချက်ရေးဆွဲခြင်း၊ ရသုံးမှန်းခြေငွေစာရင်းရေးဆွဲခြင်း၊ ကြီးကြပ်ထိန်းသိမ်းခြင်း၊ ငွေကြေးစီးဆင်းမှု၊ ဝယ်ယူရေး နှင့် နိုင်ငံတော်ဘဏ္ဍာစည်းမျဉ်းများ’ဆိုင်ရာသင်တန်း 07.11.2017

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကိုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှတာဝန်ရှိသူများ၊ပါဝင်တက်ရောက်သောနိုင်ငံအဝန်းမှအစိုးရကျန်းမာရေးဝန်ထမ်းများနှင့်PRUNOPSမှတာဝန်ရှိသူ များနှင့်အတူတတိယအသုတ်သင်တန်းဖွင့်ပွဲအခမ်းအနားအပြီးတွေ့ရစဉ်။ (နေပြည်တော်၊ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန(MOHS)၏ဦးဆောင်မှုဖြင့်UNOPSသည်အမျိုးသားရောဂါတိုက်ဖျက် ရေးစီမံချက်များ(AIDS၊တီဘီ၊ငှက်ဖျား)နှင့်အတူပူးပေါင်းဆောင်ရွက်၍‘စီမံချက်ရေးဆွဲခြင်း၊ ရသုံးမှန်းခြေငွေစာရင်းရေးဆွဲခြင်း၊ကြီးကြပ်ထိန်းသိမ်းခြင်း၊ငွေကြေးစီးဆင်းမှု၊ဝယ်ယူရေးနှင့်နိုင်ငံတော်ဘဏ္ဍာစည်း မျဉ်းများ’ဆိုင်ရာသင်တန်းတစ်ခုကိုကျင်းပခဲ့သည်။ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန(MOHS)၏ဦးဆောင်မှုဖြင့်UNOPSသည်အမျိုးသားရောဂါတိုက်ဖျက် ရေးစီမံချက်များ(AIDS၊တီဘီ၊ငှက်ဖျား)နှင့်အတူပူးပေါင်းဆောင်ရွက်၍‘စီမံချက်ရေးဆွဲခြင်း၊ရသုံးမှန်းခြေငွေစာရင်းရေးဆွဲခြင်း၊ကြီးကြပ်ထိန်းသိမ်းခြင်း၊ငွေကြေးစီးဆင်းမှု၊ဝယ်ယူရေးနှင့်နိုင်ငံတော်ဘဏ္ဍာစည်းမျဉ်းများ’ဆိုင်ရာသင်တန်းတစ်ခုကိုကျင်းပခဲ့သည်။

သင်တန်း၏ရည်ရွယ်ချက်မှာကျန်းမာရေးစနစ်ပိုမိုအားကောင်းခိုင်မာလာစေရန်နှင့်အမျိုးသားကျန်းမာရေး စနစ်တွင်ပါဝင်ဆောင်ရွက်နေသောအရာရှိများ၏ငွေကြေးစီမံခန့်ခွဲမှုစွမ်းဆောင်ရည်များကိုမြှင့်တင်ပေးရန်ဖြစ်သည်။နိုင်ငံတစ်ဝန်းရှိမြို့နယ်(၃၃၀)မှအစိုးရကျန်းမာရေးဝန်ထမ်း(၉၀၀)နီးပါးပါဝင်တက်ရောက်ကြမည်ဖြစ်ပြီးနေပြည်တော်တွင်အောက်တိုဘာ(၂၃)မှနိုဝင်ဘာ(၂၉)ရက်နေ့အထိအစဉ်လိုက်အသုတ်ခြောက်ခုကိုသုံးရက်စီ (အသုတ်တစ်ခုတွင် session နှစ်ခုပြိုင်တူခွဲ၍)သင်တန်းကျင်းပသွားမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲသို့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊တိုင်းဒေသကြီး/ပြည်နယ်/ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ဒုတိယညွှန်ကြားရေးမှူးများ၊လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဆေးရုံအုပ်များ၊မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၊အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊ စီမံ/ဘဏ္ဍာဆိုင်ရာဝန်ထမ်းများနှင့်အတူMOHS၊အမျိုးသားစီမံချက်များနှင့်PR-UNOPSမှတာဝန်ရှိအရာရှိများတက်ရောက်ခဲ့ကြသည်။အလားတူသင်တန်းမျိုးကိုမကြာသေးမီနှစ်များ(၂၀၁၃၊၂၀၁၅နှင့်၂၀၁၆)ကလည်းပြုလုပ်ခဲ့သည်။

ယခုနှစ်သင်တန်းကိုငွေကြေးစီမံခန့်ခွဲမှုလုပ်ဆောင်နေရသောဘဏ္ဍာရေးဝန်ထမ်းများနှင့်အတူ၊မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၊တိုက်နယ်ဆရာဝန်များ၊မြို့နယ်ကျန်းမာရေးသူနာပြုများနှင့်ကျန်းမာရေးမှူးများလည်းတက်ရောက်ခဲ့ကြသည်။

ကျန်းမာရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကအဖွင့်မိန့်ခွန်းပြောကြားပြီးနောက်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသာထွန်းကျော်ကအဖွင့်မိန့်ခွန်းပြောကြားပြီး၊ PR-UNOPSမှ Programme Director ၊ Dr.Attila Molnar က ‘ကျန်းမာရေးစနစ်ကို ပိုမိုအားကောင်းအောင်အထောက်အကူဖြစ်စေသည့်စီမံချက်ရေးဆွဲခြင်းနှင့်ဘဏ္ဍာငွေစာရင်းပြင်ဆင်ရေးဆွဲခြင်းအကြောင်းကိုရှင်းလင်းတင်ပြခဲ့သည်။

ပါဝင်တက်ရောက်သောအစိုးရကျန်းမာရေးဝန်ထမ်းများသည်ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှုအလေ့အကျင့်များကျွမ်းကျင်တိုးတက်လာစေရန်၊အစုအဖွဲ့ဖြင့်လုပ်ကိုင်ဆောင်ရွက်ခြင်းနှင့်အုပ်စုဖွဲ့အပြန်အလှန်ဆွေးနွေးညှိနှိုင်းခြင်းများကိုတက်တက်ကြွကြွလုပ်ဆောင်ခဲ့ကြသည်။သင်တန်းတက်ရောက်သူဦးရေသည်၉၀%ထက်ကျော်လွန်သည်။ 

သင်တန်းမှဓါတ်ပုံအချို့ကိုတွင်ကြည့်ပါ။