ပိုဘေးကင်းသောလိင်မှုကိစ္စ – ပိုဘေးကင်းသောအလုပ် 15.01.2014

“ပြည်ကြီးခင်ကရရှိခဲ့တဲ့ သင်တန်းနဲ့ ကျန်းမာရေးပညာပေးတွေက ကျွန်မတို့ကိုယ် ကျွန်မတို့ HIVက ကာကွယ်တတ်အောင် ကွန်ဒုံးကိုအသုံးပြုဖို့ ဆွေးနွေးတတ်အောင် နားလည်တတ်မြောက်ခဲ့ပါတယ်။ ရွယ်တူတန်း တူပညာပေးသူတစ်ဦး အနေဖြင့်ကိုယ့်မိသားစုကို ထောက်ပံ့နိုင်အောင်ဘေးကင်းအောင်လုပ်နိုင်ခဲ့ပါတယ်။ ပြည်ကြီးခင်ဟာ ကျွန်မတို့ မိန်းမသားတွေရဲ့ ကယ်တင်ရှင်ပါပဲ။”

ပြည်ကြီးခင်၏HIV/AIDSစီမံကိန်းမှရွယ်တူတန်းတူပညာပေးသူတစ်ဦးကစောင့်ရှောက်ထောက်ပံ့မှုတို့ကိုရခဲ့သောကြောင့် ယင်း၏ အသက်မွေးမှုကို ဘေးကင်းစွာ ဆက်လက်ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောပြခဲ့သည်။

“ကျွန်မနာမည် မဆွေပါ(အမည်မှန်မဟုတ်ပါ)။ ကျွန်မဘဝကအရမ်းစိတ်ပျက်စရာကောင်းလို့ ပြောင်းလဲဖို့လည်း မကြိုးစားချင်တော့ဘူး။ ဘဝအဓိပ္ပာယ်ကိုနားလည်းမလည်ချင်တော့ဘူး။ဘဝကိုကြုံသလိုနေလိုက်ပြီး ဝမ်းရေး အတွက် လိင်ကိစ္စကို ငွေနဲ့ရောင်းစားတဲ့ဘဝကို ရောက်သွားပါတယ်။ အဲဒီတုန်းကတော့လိင်မှတဆင့်ကှုးစက်တတ်သောရောဂါများ(STI) တွေ၊ HIVတွေ၊ အသည်းရောင်အသားဝါတွေရဲ့အန္တရာယ်ကိုလည်းု မသိခဲ့ဘူး။ အကာအကွယ်မဲ့ လိင်ဆက်ဆံလို့ ကူးစက်မယ့် ရောဂါတွေကိုလည်းမသိလို့ ကာကွယ်ဖို့လည်း မလုပ်ခဲ့ဘူး။”

ယင်းမှာ ပြည်ကြီးခင် Drop-in-centre သို့ ရောက်ရှိကာထိုကိုယ်ယူကိုယ်ထအုပ်စုများတွင်ပါဝင်မဆောင်ရွက်မီက ဖြစ်သည်။ဤအုပ်စု၏နွေးထွေးပျူငှာသောလူမှုပတ်ဝန်းကျင်တွင်သူ့ဘဝအတွေ့အကြုံများသူ့ပြဿနာများကိုမျှဝေခဲ့နိုင်ပြီးဖော်ရွေဂရုစိုက်သောဝန်ထမ်းများ၏ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့နှင့် စောင့်ရှောက်မှုကိုလည်းရရှိခဲ့ကာ ရွယ်တူတန်းတူများနှင့်အတူ ပြဿနာများကို အဖြေရှာနိုင်ခဲ့သည်။

ပြည်ကြီးခင်တွင် ရွယ်တူတန်းတူများကွန်ရက်ဖွဲ့ဲခြင်းဖြင့် သူ့ဘဝ ပိုမိုကောင်းမွန်လာသည်ဟု မဆွေက ပြောပြသည်။

“ပြည်ကြီးခင်ကရရှိခဲ့တဲ့ သင်တန်းနဲ့ ကျန်းမာရေးပညာပေးတွေက ကျွန်မတို့ကိုယ် ကျွန်မတို့ HIVက ကာကွယ်တတ်အောင် ကွန်ဒုံးကိုအသုံးပြုဖို့ ဆွေးနွေးတတ်အောင် နားလည်တတ်မြောက်ခဲ့ပါတယ်။ ရွယ်တူတန်း တူပညာပေးသူတစ်ဦး အနေဖြင့်ကိုယ့်မိသားစုကို ထောက်ပံ့နိုင်အောင် ဘေးကင်းအောင် လုပ်နိုင်ခဲ့ပါတယ်။ ပြည်ကြီးခင်ဟာ ကျွန်မတို့ မိန်းမသားတွေရဲ့ ကယ်တင်ရှင်ပါပဲ။”

ပြည်ကြီးခင်သည်HIVပိုးဖြင့်အသက်ရှင်နေထိုင်သူများဘဝတွင်ကောင်းမွန်စွာနေထိုင်နိုင်ရေးစီမံချက်ကို ARTဆေးဝါး၊ စိတ်ပိုင်းဆိုင်ရာအထောက်အပံ့၊ နေအိမ်အခြေပြုစောင့်ရှောက်မှု တို့ကိုထောက်ပံ့ခြင်း၊ MSM/SWတို့ HIVကာကွယ်ရေးဝန်ဆောင်မှုများ ပိုမိုလက်လှမ်းမီစေခြင်းဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ အောင်ပန်းနှင့် ရွှေညောင် မြို့နယ်တို့တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးရှိ မြင်းခြံမြို့နယ်တွင်လည်းကောင်း၊ မကွေးတိုင်း ဒေသကြီးရှိ ပခုက္ကူမြို့နယ်တွင်လည်းကောင်း၊ ဧရာဝတီဒေသကြီးရှိ ပုသိမ်နှင့်မအူပင်မြို့နယ်တို့တွင်လည်းကောင်း ဆောင်ရွက် လျက် ရှိသည်။