ဘဝအနာဂတ်အတွက် ပုံကြမ်းလေးတစ်ကွက် 14.07.2014

A caregiver from Pyi Gyi Khin conduct home visits to help ensure that those affected by the disease receive the nutritional and psychosocial support they need.

"ကျွန်တော်အလုပ်သဘောအရကလေးတွေရဲ့မိသားစုတွေနေထိုင်တဲ့အိမ်တွေကို ပုံမှန်သွားရောက်ခဲ့ပါတယ်။ ကျွန်တော်မှန်မှန်သွားပြီး ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ဆက်ဆံတာကြောင့်သူတို့ရဲ့ယုံကြည်မှုကို ရရှိခဲ့ပါတယ်။သူတို့ရဲ့လိုအပ်ချက်တွေကို ဖော်ထုတ်သိရှိနိုင်ခဲ့ပြီးတဖြည်းဖြည်းနဲ့ သူတို့ရဲ့အနာဂတ်ကို အစီအစဉ်ချမှတ်ဖို့ အထောက်အကူ ပြုခဲ့ပါတယ်။ ဘဝဆိုတဲ့ ပတ္တူစပေါ်မှာ သူတို့ရဲ့ အနာဂတ်အတွက် ပုံကြမ်းလေးရေးဆွဲပေးဖို့ပေါ့။"

ပြည်ကြီးခင်သည် ကမ္ဘာ့ရန်ပုံငွေ၏ အထောက်အပံ့ဖြင့် ၂၀၁၁ ခုနှစ် ကတည်းကစ၍ HIV/AIDS စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ပုသိမ်ရှိ ပြည်ကြီးခင်ရုံးမှ ပြုစုစောင့်ရှောက်ပေးသူ ကိုရဲ၀င်းက သူ့အားစိတ်ဝင်စားမှု လုံးဝမရှိသူတစ်ဦးအဖြစ်မှ HIV ပိုးရှိသူများ၏ အမျိုးမျိုးသောလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ပေးနေသူ တက်ကြွသော ပြုစုစောင့်ရှောက်ပေးသူ တစ်ဦးအဖြစ်သို့ သူ၏အလုပ်က မည်သို့လုံးဝပြောင်းလဲပေးခဲ့ပုံကို ပြောပြထားသည်။

လွန်ခဲ့တဲ့ဆယ်နှစ်က ပြည်ကြီးခင်ရဲ့ HIV/AIDS စီမံကိန်းအတွက် ပညာပေးသူအဖြစ် စတင်မလုပ်ခင်ကဆို ရင် HIV ကာကွယ်ရေး ပြုစုစောင့်ရှောက်ရေးနဲ့ ကုသရေးတွေနဲ့ ပတ်သက်လို့ အနည်းအကျဉ်းလောက် သာ သိခဲ့ပါတယ်။ လုပ်တာကြာလာတာနဲ့အမျှ လေ့လာဖို့ပိုမိုလိုအပ်နေသေးတယ်ဆိုတာ တွေ့လာရပါ တယ်။

ကျွန်တော်ဟာ ဘွဲ့ရတစ်ဦးဖြစ်ပေမဲ့လည်း အဲဒီအချိန်တုန်းက HIV နဲ့ပတ်သက်လို့ ဗဟုသုတ အလွန်နည်းပါးခဲ့ပါတယ်။ ကျွန်တော် ပတ်ဝန်းကျင်မှာ ရောဂါကူးစက်ခံနေရသူတွေ AIDS ကြောင့် သေသွား ရသူတွေနဲ့ သူတို့ရဲ့မိသားစုတွေ ဒါမှမဟုတ် ကိုယ့်မိသားစုကတော့ လက်မခံဘဲ ဖယ်ကျဉ်ခံရသူတွေ လူ့ အသိုင်းအဝိုင်းက ခွဲခြားဆက်ဆံပစ်ပယ်ခံရပြီး အရှက်တကွဲအကျိုးနည်းဖြစ်ရသူတွေကို သတိမထားမိခဲ့ပါ ဘူး။ သူတို့ကို ကူညီဖို့ ဘာအသိစိတ်မျှမရှိခဲ့တဲ့အချိန်ကာလတစ်ခုပါပဲ။ ကိုယ်နဲ့မသက်ဆိုင်ရင်ဘာမျှ မလုပ်။ ဂရုမစိုက်ဘဲ ဘေးကရပ်ကြည့်နေတဲ့ မဆိုင်သူတစ်ယောက်လို ဖြစ်ခဲ့ပါတယ်။ အကူအညီပေးဖို့ လိုတယ်လို့ တစ်ခါတစ်လေ ခံစားမိပေမဲ့လည်း ဘယ်လိုလုပ်ရမယ်ဆိုတာ မသိခဲ့ပါဘူး။

ပြည်ကြီးခင်ရဲ့ HIV/AIDS စီမံကိန်းမှာ ပညာပေးသူအဖြစ် နှစ်အတန်ကြာ လုပ်ကိုင်ခဲ့တဲ့နောက်မှာ လူတစ် ယောက်က HIV ကူးစက်မှုကို ကာကွယ်နိုင်ဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိမြင်လာရပါတယ်။ ဒီတန်ဖိုးရှိတဲ့သတင်းစကားကို သယ်ဆောင်မျှဝေပြီး HIV ကူးစက်မှုကို ကာကွယ်တားဆီးရေးရဲ့ အရေးပါ ပုံကို လူတိုင်းသိနားလည်စေချင်ခဲ့ပါတယ်။ ရောဂါကို ပိုမိုသိရှိ သတိပြုလာစေဖို့နဲ့ ဆင်းရဲချမ်းသာမရွေး အသက်အရွယ် လူမျိုးမခွဲခြားဘဲ ကျွန်တော့်ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေအားလုံးကို HIV ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ သတင်းစကား ဖြန့်ဖြူးမျှဝေပေးချင်တဲ့ ကျွန်တော့်ဘဝရဲ့ ရည်ရွယ်ချက်တွေကို ဆက်လက် ဆောင်ရွက်နိုင်တဲ့ အတွက် ကံကောင်းတယ်လို့ ဆိုရမှာပါ။

နာဂစ်ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်ပြီးတဲ့နောက် ဘိုကလေးမြို့မှာရှိတဲ့ ရွာ (၃၃)ရွာကို ပြန်လည်နလန်ထူ အောင်လုပ်ပေးတဲ့ အစီအစဉ်အတွက် ပညာပေးသူအဖြစ် လုပ်ကိုင်နိုင်ဖို့ ကျွန်တော်ရဲ့အရင်အလုပ်ကိုတောင်စွန့်လွှတ်ခဲ့ပါတယ်။ သွားလာရေးခက်ခဲတဲ့မြေပြင်အနေအထားတွေ ကြမ်းတမ်းတဲ့ရာသီဥတု၊အစာ ရေစာရှားပါးမှုနဲ့ ရောဂါနဲ့ပတ်သက်လို့ စိတ်ဝင်စားမှုဗဟုသုတအလွန်နည်းပါးတဲ့ ရွာသူရွာသား တွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ အခက်အခဲစတဲ့ အခြေအနေတွေကို ရင်ဆိုင်ကျော်လွှားပြီး အဲဒီဒေသမှာ တစ်နှစ်လုပ်ကိုင်ခဲ့ပါတယ်။ ကျွန်တော်ရဲ့အားလပ်ချိန်တွေမှာ သက်တူရွယ်တူ အုပ်စုတွေကို HIV ကာကွယ် ရေးနဲ့ပတ်သက်လို့ ပိုမိုသတိပြုနားလည်လာအောင် အသိပညာပေးရေးလုပ်ငန်းတွေမှာကျွမ်းကျင်မှုတွေတိုးတက်လာစေဖို့ ကူညီညွှန်ပြပေးဖို့အခွင့်အရေးကိုလည်းရယူနိုင်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ်မှာ ပုသိမ်မှာရှိတဲ့ ပြည်ကြီးခင်ရုံးကို ပြန်လာခဲ့ပြီးကလေးကျန်းမာရေးအစီအစဉ်မှာ ပြုစုစောင့် ရှောက်ပေးသူအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ကျွန်တော်အလုပ်သဘောအရ ရောဂါကူးစက်ခံရတဲ့ ကလေးတွေ ရဲ့ မိသားစုတွေ နေထိုင်တဲ့ အိမ်တွေကို ပုံမှန်သွားရောက်ခဲ့ပါတယ်။ ကျွန်တော်မှန်မှန်သွားပြီး ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ဆက်ဆံတာကြောင့် သူတို့ရဲ့ ယုံကြည်မှုကို ရရှိခဲ့ပါတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖော်ထုတ်သိရှိနိုင်ခဲ့ပြီးတဖြည်းဖြည်းနဲ့ သူတို့ရဲ့အနာဂတ်ကို အစီအစဉ်ချမှတ်ဖို့ အထောက်အကူ ပြုခဲ့ပါတယ်။ ဘဝဆိုတဲ့ ပတ္တူစပေါ်မှာ သူတို့ရဲ့ အနာဂတ်အတွက် ပုံကြမ်းလေးရေးဆွဲပေးဖို့ပေါ့ သူတို့ရဲ့ အနာဂတ်ကို သူတို့ကိုယ်တိုင်ဖန်တီးနိုင်ပြီး HIV ကူးစက်ခံထားရပေမယ့်လည်း ယုံကြည်မှု အပြည့်အဝနဲ့ ဆက်လက် နေထိုင်သွားနိုင်ဖို့ ကျွန်တော်တို့ရဲ့ မေတ္တာ၊ စေတနာ ဂရုဏာ လက်သင့်ခံမှုနဲ့ အားပေးကူညီမှုတွေလိုအပ်ပါတယ်။

လောလောဆယ်မှာတော့ ကျွန်တော်ဟာ ပြည်ကြီးခင်ရဲ့ HIV ကူးစက်ခံထားရသူတွေအတွက် ပြုစုစောင့် ရှောက်မှုနဲ့ အထောက်အကူပေးမှု အစီအစဉ်မှာ ပါဝင်လုပ်ကိုင်နေပါတယ်။ HIV ကူးစက်ခံထားရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို နေ့စဉ်အကူအညီပေးနေရတာကြောင့် သူတို့ရဲ့ဘဝတွေကို အနီးကပ် မျက်မြင်တွေ့ရှိခဲ့ရပါတယ်။ စိတ်ပျက်အားငယ်ပြီး အကူအညီတောင်းခံနေတဲ့သူတွေ နေရေးထိုင်ရေး အတွက် ကြိုးစားရုန်းကန်နေရသူတွေ၊ အကူအညီအထောက်အပံ့ငံ့လင့်နေရပြီး ပူပင်သောကရောက်နေ ကြရတဲ့ မိသားစုဝင်တွေနဲ့ သူတို့ရဲ့ ချစ်မြတ်နိုးသူတွေ AIDS ကြောင့် အသက်ဆုံးရှုံးသွားကြရလို့ ဝမ်းနည်းပူဆွေးနေကြသူတွေပဲဖြစ်ပါတယ်။ အေအာတီ ဆေးသောက်နေရလို့ တဖြည်းဖြည်း ကိုယ်အလေး ချိန်တိုးလာတဲ့ အပြင်ဘဝရဲ့ အရည်အသွေးနဲ့ ကျန်းမာရေးတိုးတက်ကောင်းမွန်လာပြီး ထူထူထောင်ထောင် ဖြစ်လာကြတာကို မြင်ရတော့ ဒီထက်ကောင်းတဲ့ဆုလာဘ်မရှိနိုင်တော့ဘူးလို့ တွေးမိပြီး ကျေနပ်အားရ အလွန်အမင်း ပျော်ရွှင်ရပါတယ်။ ဒါပေမယ့်လည်းAIDSရောဂါကြောင့်ဖူးငုံပွင့်စအရွယ်တွေကြွေစောအသေစောရသူတွေကိုမေ့မရနိုင်ပဲသူတို့ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးနေမိတော့ ပါတယ်။

နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်လုပ်ကိုင်ခဲ့ပေမယ့်လည်း HIV ဘယ်လိုကူးစက်နိုင်တယ်ဆိုတာနဲ့ ပတ်သက်လို့ နားလည်မှုလွဲမှားတာတွေ သတင်းမှားတွေကြောင့် HIV ကူးစက်ခံထားရသူတွေကို သူတို့ မိသားစုတွေနဲ့ လူ့အသိုင်းအဝိုင်းက လက်မခံဘဲ စွန့်ပယ်ထားတာကို မြင်ရတာ စိတ်ပျက်စရာပါပဲ။ ဒါပေမယ့်လည်းရောဂါလိုပဲ ကြောက်စရာကောင်းပြီးပျက်စီးစေနိုင်တဲ့ အမည်းစက်စွန်းထင်းခံရတာတွေ ကဲ့ရဲ့ပြစ်တင်ရှုတ်ချခံရတာတွေကို လက်မလျှော့ပဲ ကြိုးစားတိုက်ဖျက်သွားမှာပါ။

ကျွန်တော်တို့ရဲ့ ဘဝခရီးမှာ အစနဲ့အဆုံးလို့ ဆိုနိုင်တဲ့ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းနှစ်မျိုးပဲရှိပါတယ်။ ဘဝမှာ ပျော်ပျော်ရွှင်ရွှင် အဆုံးသတ်နိုင်ဖို့ ကျန်းကျန်းမာမာအစပျိုးဖို့ လိုအပ်ပါတယ်။ ရောဂါကူးစက်ခံရ တဲ့ ကလေးတွေဟာ သူတို့မှာ HIV ပိုးကင်းစင်ပြီး မွေးဖွားလာနိုင်တဲ့ အခွင့်အရေးကို ခံစားခွင့်မရခဲ့ကြပေမယ့်လည်း ဘဝမှာ ဂုဏ်သိက္ခာရှိရှိ အကျိုးရှိရှိနဲ့ သက်တမ်းစေ့နေထိုင်နိုင်ဖို့ အဆင့်အတန်းမီ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ရသင့်တဲ့အခွင့်အရေး အပြည့်အဝရှိနေပါသေးတယ်။

အဲဒီလူငယ်တွေကိုသိစေချင်တာကတော့HIVကူးစက်ခံထားရသူတွေနဲ့၄င်းတို့နှင့်ပတ်သက်ဆက်နွယ်ပြီးထိခိုက်ခံစားရသောသူတွေအတွက်ဝန်ဆောင်မှုပေးနေတဲ့ပြည်ကြီးခင် HIV/AIDS စီမံကိန်းမှာကျွန်တော်တို့လို စေတနာ့ဝန်ထမ်းတွေနဲ့   လူမှုလုပ်သားတွေရှိနေပါသေးတယ်ဆိုတာကိုပါပဲ။ ကျွန်တော်တို့ဟာ သူတို့အတွက် လုံခြုံစိတ်ချခံစားမှုရ အောင် အမှန်တကယ်လိုအပ်နေတဲ့ ကုသမှု၊ ပြုစုစောင့်ရှောက်မှုနဲ့ အကူအညီအထောက်အပံ့တွေရရှိဖို့ ကျရတာဝန်ကို လုပ်ကိုင်ပေးလျက်ရှိနေကြတယ်ဆိုတဲ့ အကြောင်းကို သိစေချင်ပါတယ်။