"ကျွန်တော့်နာမည်မောင်ဝင်းမောင်ပါ။ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ လက်ပံဇောက်ကျေးရွာမှာ နေထိုင်ပါ တယ်။ ကျွန်တော်လယ်ယာလုပ်ငန်းနဲ့ အသက်မွေးပါတယ်။ ကမ္ဘာ့ရန်ပုံငွေက ကူညီထောက်ပံတဲ့ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း ရဲ့ တီဘီ ရောဂါ တိုက်ဖျက်ရေးစီမံချက် လုပ်သားဘယ်လိုဖြစ်လာတယ်ဆိုတာမှတ်မိနေပါသေးတယ်။
"လွန်ခဲ့တဲ့တစ်နှစ်က ကျွန်တော်ဟာ ကိုယ်ခန္ဓာအလေးချိန် တဖြည်းဖြည်းကျလာပြီး အစာစားချင်စိတ်လည်း မရှိတော့ဘဲ ချောင်းဆက်တိုက်ဆိုးလာပါတယ်။ နေ့စဉ်လုပ်ငန်းတွေ လုပ်တဲ့အခါမှာလည်း အလွယ်တကူ မောပန်းလာပါတယ်။ ကျွန်တော်ခပ်ပေါ့ပေါ့တွေးပြီး ပျောက်ကင်းသွားလိမ့်မယ်အထင်နဲ့ ရွာမှာရှိတဲ့ ရိုးရာ ဆေးတွေနဲ့ ကြိုးစားပြီးကုကြည့်ပါတယ်။ ဒေသခံတွေကြားမှာ လက်ခံယုံကြည်ကြတာက ချောင်းဆိုးတာ ဟာ ကိုယ်ခန္ဓာမှာအပူများလို့ ဖြစ်တယ်ဆိုတာပါပဲ။ ဒါနဲ့ကျွန်တော်လည်း ကိုယ်ခန္ဓာက အပူကျပြီး ချောင်းဆိုး ပျောက်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရေမှန်မှန်ချိုးပြီး ဝမ်းနှုတ်ဆေးတွေ စားခဲ့ပါတယ်။
"ကျွန်တော်မျှော်လင့်ထားသလို ဖြစ်မလာဘဲ ချောင်းဆိုးတာမပျောက်တဲ့အပြင် ပိုပိုပြီးဆိုးလာပါတယ်။ ကျွန်တော်ဟာ အလုပ်မလုပ်နိုင်တော့ဘဲ မိသားစုကိုလည်း အရင်လိုမထောက်ပံ့နိုင်တော့ပါဘူး။ ဝင်ငွေ မရှာ နိုင်တော့တာကြောင့် မိသားစုလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။
"ကျန်းမာရေးမကောင်း၊ ဝင်ငွေမရှိ ဘဝအရည်အသွေးကလည်းကျ ဆင်းရဲမွဲတေပြီး ဒီကြောက်စရာ ကောင်းတဲ့ သံသရာက ရုန်းထွက်နိုင်မှာ မဟုတ်တော့ဘူးလို့ တွေးမိပြီး ကြောက်လန့်လာပါတော့တယ်။ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတဲ့ ချောင်းဆိုးတာကို ရင်ဆိုင်ရုန်းကန်ရင်းနဲ့ တစ်နေ့မှာ အိမ်နီးချင်း တစ်ယောက်ဆီကနေ ရွာထဲမှာ MHAA ရဲ့ တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်က ဝန်ထမ်းတွေရဲ့ လူထု ကျန်းမာရေး ဟောပြောပွဲ လုပ်မယ်ဆိုတာ သိလိုက်ရလို့ အပြေးသွားခဲ့ပါတယ်။
"အဲဒီတော့မှပဲ ညပိုင်းမှာချွေးတွေထွက်၊ အဖျားတက်ပြီး အစာစားချင်စိတ်မရှိဘဲ ဆက်တိုက်ချောင်းဆိုးနေတဲ့ သူတစ်ယောက်ဟာ တီဘီရောဂါအတွက် သလိပ်စစ်ဆေးဖို့ လိုတယ်ဆိုတာသိလိုက်ရပါတယ်။ ရွာနဲ့ အနီး အနားမှာ တီဘီရောဂါလို့ သံသယဖြစ်နိုင်တဲ့ အဲဒီလိုအလားတူ ရောဂါလက္ခဏာရှိသူ ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် သိလာခဲ့ရင် သူတို့ဆီကို ညွှန်းပို့ပြီး အကူအညီရယူဖို့ တိုက်တွန်းပါတယ်။ ကျွန်တော်လည်း သူတို့ ရောက်ရှိလာပြီး အကူအညီပေးတာကို အလွန်အားတက်မိပြီး တီဘီရောဂါပိုး ရှိတာကို တွေ့မှာကြောက်ပြီး စိတ်လေးနေပေမယ့် သလိပ်ပေးပို့ စစ်ဆေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သလိပ်စစ်ဆေးတဲ့ အဖြေက ကျွန်တော့်မှာ တီဘီရောဂါရှိနေတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာ စိတ်ဓါတ်ကျသွားပါတော့တယ်။
"တီဘီရောဂါရှိနေပြီဆိုတာ သိလိုက်ရလို့ အလွန်ဝမ်းနည်းကြေကွဲနေရပေမယ့် ဆေးကိုသာမှန်မှန်သောက် ပါ၊ တီဘီရောဂါ လုံးဝပျောက်ကင်းဖို့ အာမခံပါတယ် ဆိုတဲ့ MHAA တီဘီရောဂါ တိုက်ဖျက်ရေးစီမံချက် ဝန်ထမ်းရဲ့ အားပေးစကားတွေကို လက်ခံလိုက်နာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော့်ကို တစ်ယောက်တည်း ပစ်မထားပါဘူး။ သူတို့က ဆေးရုံသွားဖို့ ခရီးစရိတ်၊ ကုသမှုခံယူနေတဲ့ အတော အတွင်း အာဟာရအထောက်အပံ့ တီဘီရောဂါပျောက်ဆေး မှန်မှန်ရဖို့နဲ့ အခြားလိုအပ်တဲ့ အကူအညီအား လုံးကို ဆက်လက်ပေးခဲ့ပါတယ်။
"MHAA စီမံကိန်း ဝန်ထမ်းတွေရဲ့ အလုပ်မှာ နစ်မြှုပ်ထားတဲ့ ဝန်ဆောင်မှုကြောင့် စိတ်ပူပန်သောက ဖြစ်ရမှု တွေကနေ အလွန်စိတ်သက်သာရာ ရသွားတဲ့ ကျွန်တော်ဟာ ငါဟာကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ် ယောက်မဟုတ်ဘူးလား။ ကမ္ဘာ့ရန်ပုံငွေက ထောက်ပံ့တဲ့ MHAA တီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း ရဲ့ ဝန်ထမ်းတွေဆီက ရတဲ့အသက်ကယ်အကူအညီထက် ဘာများပို လိုအပ်ဦးမှာလည်း လို့ ကိုယ့်ကိုယ်ကိုပြန် မေးမိပါတော့တယ်။
"တီဘီရောဂါ ပျောက်ဆေးကို နှစ်လသောက်ပြီးတဲ့ အခါမှာတော့ ကျွန်တော်ရဲ့ ကျန်းမာရေးဟာ သိသိ သာသာ တိုးတက်လာပါတယ်။ မိသားစုကလည်း အလုပ်ပြန်လုပ်နိုင်တာကို တွေ့ပြီးဝမ်းသာနေကြပါတယ်။ ကျွန်တော်တို့ရဲ့ အခက်အခဲ ရင်ဆိုင်ခဲ့ရတဲ့ကာလကလည်း ကုန်ဆုံးသွားခဲ့ပါပြီ။ MHAA တီဘီ ရောဂါ တိုက်ဖျက်ရေးစီမံချက်က ဝန်ထမ်းတွေကို ဝေးလံခေါင်သီတဲ့ ရွာတွေအထိ ပို့ဆောင်ပေးတာ ကျွန်တော် ကံကောင်းတာပါပဲ။ MHAA တီဘီရောဂါ တိုက်ဖျက်ရေးစီမံချက်၊ ကမ္ဘာ့ရန်ပုံငွေနဲ့ အသက်တွေကို လက်တွေ့ ကယ်တင်ပေးနိုင်အောင် လုပ်ပေးတဲ့ကမ္ဘာတစ်ဝှမ်းက အလှူရှင်တွေအားလုံးကို အလွန်ကျေးဇူး တင်ပါတယ်။
"ကျွန်တော့်ဘဝရဲ့ အပျော်ဆုံးအချိန်ကတော့တီဘီဆေးတွေကို ခြောက်လသောက်ပြီး သလိပ်ပြန်စစ်တဲ့ အချိန်ပါပဲ။ တီဘီရောဂါလုံးဝပျောက်ကင်းပြီး ဆိုတာသိလိုက်ရတော့ ထခုန်မိမတတ် ဝမ်းသာခဲ့ရပါတယ်။ ဒါပေမဲ့ တီဘီရောဂါနဲ့ နေခဲ့ရတဲ့ ကံဆိုးမိုးမှောင်ကျတဲ့ရက်တွေကို စိတ်ထဲမှာ စွဲကျန်သတိရနေမိပြီး ကျွန်တော် အတွေ့အကြုံနဲ့ ထပ်တူခံစားနေကြရမဲ့ လူတွေကို မစဉ်းစားဘဲ မနေနိုင်တော့ပါဘူး။ တီဘီရောဂါလုံးဝ ပျောက်ကင်းသွားပေမဲ့လည်း ကျန်းမာရေးသတင်းစကားတွေ မရနိုင်၊ တီဘီရောဂါနဲ့ ပတ်သက်တဲ့ အသိမရှိ ရောဂါကူးစက်တာကို နားမလည်နဲ့ လွဲမှားတဲ့အယူအဆစတဲ့အကြောင်း အမျိုးမျိုး ကြောင့် အရည်အသွေးပြည့်မီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ဝေးကွာပြီး လက် လှမ်းမမီဖြစ်နေကြသူတွေကို ကူညီဖို့ ဆန္ဒရှိလာခဲ့ပါတယ်။
"တီဘီရောဂါ ပျောက်ကင်းသွားတာကြောင့် ကျွန်တော်ဟာ စိတ်ဓါတ်တက်ကြွနေလို့ ရွာနဲ့ အနီးနားမှာ ရှိတဲ့ အစာမစားချင်ဘဲ ချောင်းတောက်လျှောက်ဆိုးနေပြီး တီဘီသံသယရှိသူလေးယောက်ကို အောင်မြင်စွာ ညွှန်းပို့ပေးနိုင်ခဲ့ပါတယ်။ ကျွန်တော့်လို ပညာအနည်းငယ်သာတတ်တဲ့ လူတစ်ယောက်က တီဘီရောဂါလုံးဝပျောက်ကင်းအောင်လူနာလေးယောက်ကို ကူညီကယ်တင်ပေးလိုက်နိုင်တာဟာ အံ့သြစရာမဟုတ်ပေဘူးလား ။
"ရေငတ်သူရေတွင်းထဲကျဆိုသလိုပဲ တီဘီကျန်းမာရေး လုပ်သားက ကျွန်တော်တို့ရွာကနေ နောက်တစ် ရွာကို ပြောင်းသွားတော့ အကူအညီလိုအပ်တဲ့ သူတွေအတွက် ကျွန်တော်လုပ်ကိုင်ပေးဖို့ ပြောလာတာကို လက်ခံလိုက်ပြီး ရလာတဲ့အခွင့်အလမ်းကို ချက်ချင်းပဲ အမိအရ ဆုပ်ကိုင်လိုက်ပါတော့တယ် ။
"ဒီကနေ့ဆိုရင် MHAA က ဝန်ထမ်းတွေဆီက ရတဲ့ အကူအညီနဲ့ သင်တန်းတွေကြောင့် ကျွန်တော်ဟာ ရွာမှာ တီဘီရောဂါနဲ့ ပတ်သက်တဲ့အသိ တိုးစေဖို့ ကျန်းမာရေး ပညာပေးပွဲတွေကို ပုံမှန်စည်းရုံးလုပ်ဆောင် နေနိုင်ပါပြီ။ ကျွန်တော်ရဲ့ အားလပ်ချိန်တွေမှာ အခွင့်အရေးရတိုင်း ကာကွယ်ရေးနဲ့ တီဘီရောဂါတိုက်ဖျက် ရေး လက်ကမ်းစာစောင်တွေဝေပြီး ကျန်းမာရေး သတင်းစကားတွေ ဖြန့်ဖြူးပေးပါတယ်။ တီဘီရောဂါ ကုသမှုခံယူနေတဲ့ သူတွေကိုစောင့်ကြည့်စစ်ဆေးပြီး လစဉ် လူထုစည်းဝေးပွဲတွေမှာ တက်တက်ကြွကြွ ပါဝင် ပါတယ်။ တီဘီရောဂါအတူဝိုင်းဝန်း တိုက်ဖျက်တဲ့ ခရီးလမ်းမှာ လုပ်ဖော်ကိုင်ဖက် တီဘီကျန်းမာရေး လုပ်သားတွေနဲ့ အတူအတွေ့အကြုံတွေ စိတ်ခေါ်မှုနဲ့ အောင်မြင်မှုတွေ ဝမ်းနည်းမှုပျော်ရွှင်မှုတွေကို မျှဝေ ပြီးချိတ်ဆက် ဆောင်ရွက်ပါတယ်။"
ကမ္ဘာ့ရန်ပုံငွေက အထောက်အပံ့ပေးတဲ့ MHAA ရဲ့ တီဘီရောဂါတိုက်ဖျက်ရေးစီမံချက် က တီဘီကျန်းမာ ရေး လုပ်သားဖြစ်ရတာကို အမှန်တကယ် ဂုဏ်ယူမိပါတယ်လို့ပဲ ပြောပါရစေတော့။