အသက်ကလေးရယ်ရှည်စေလိုအေအာတီဆေးရိပ်ကိုခို 14.12.2014

Here, a nurse provides advice on the importance of regular adherence to antiretroviral medicines while she dispenses drugs at Pyi Gyi Khin’s clinic , Aung Ban Township, Southern Shan State. Photo: John Rae/The Global Fund

"သူမက HIV ပိုးနဲ့နေထိုင်နေရသူတွေဟာ အသက်ရှည်ရှည်နေနိုင်အောင်အေအာတီဆေးအချိန်မီ ရရှိဖို့ လိုတယ် ဆိုတာ သူမရဲ့အတွေ့အကြုံအရ သိရှိခဲ့ရကြောင်းနဲ့ အသက်ကလေးရယ်တဲ့ရှည်စေလိုအေအာတီဆေးရိပ်ကိုခို လို့ အားလုံးကို ယုံယုံကြည်ကြည်နဲ့ ထောက်ခံပြောကြားလိုတယ်လို့ ဆိုခဲ့ပါတယ်။"

ပြည်ကြီးခင်သည် ၂၀၁၁ ခုနှစ်မှစတင်ပြီး ကမ္ဘာ့ရန်ပုံငွေ အထောက်အပံဖြင့် HIV/AIDS စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပုသိမ် HIV/AIDS စီမံကိန်းမှ ပြုစုစောင့်ရှောက်ပေးသူ မစန်းစန်းမော် က သူမသည် လူနာတစ်ဦးအသက်ကို ကယ်တင်ရန် အေအာတီ ဆေးအချိန်မီရယူနိုင်ရန် မည်သို့ကူညီပေးခဲ့ကြောင်း ပြောပြထားသည်။

"အဲဒိနေ့ကို အခုအချိန်အထိ မှတ်မိနေပါသေးတယ်။ ကျွန်မ ပတ်ဝန်း ကျင်မှာရှိတဲ့ သူတွေက AIDS ကြောင့် တစ်စုံတစ်ယောက်သေတော့မယ့်အကြောင်းကို တစ်ယောက်နဲ့ တစ်ယောက် ကြောက်ကြောက်လန့်လန့်တီးတိုးပြောဆိုနေကြပါတယ်။ မနေ့ညကလည်းငှက်ဆိုးထိုးတာ ကြောင့် မိသားစုတွေကလည်း လူနာသေတော့မှာပဲဆိုပြီး သေမဲ့အချိန်ကို စောင့်နေကြတယ်လို့ သိလိုက်ရပါတယ်။

"ကျွန်မဘယ်လို ကူညီနိုင်မယ်ဆိုတာကို သိချင်ဇောနဲ့ ပတ်ဝန်းကျင်က လူတွေက ကူညီယူပြီး လူနာရှိရာ အိမ်ကိုအပြေး အလွှားသွားရောက်ခဲ့ပါတယ်။ ကျွန်မရောက်တဲ့အခါ စိတ်မကောင်းစရာ မြင်ကွင်းကို တွေ့လိုက်ရပါတယ်။ ပိန်ချုံးကြုံလှီပြီး ပစ်ပယ်ခံထားရတဲ့လူနာ တစ်ယောက်ဟာ အိပ်ရာထဲမှာ လဲနေတာ တွေ့လိုက်ရပြီး သူ့အနားမှာ တစ်ယောက်မှ မရှိပါဘူး။

"သူ့မိသားစုတွေကတောင် လူနာကိုထိရင် အနားကိုသွားရင် HIV ကူးစက်ခံရမှာကြောက်ပြီး မသွားရဲကြပါ ဘူး။

"လူနာဟာဖျားနေတာနှစ်လရှိပြီး ဘာမျှမစားနိုင်တော့ လှုပ်ရှားဖို့တောင် မလွယ်တော့ပါဘူး။ လူနာရဲ့အစ်မ က လည်း မကောင်းဆိုးဝါးဝင်နေတယ်လို့ သံသယဖြစ်နေပါတယ်။ ကျွန်မကို HIV ကူးနိုင်တယ်ဆိုပြီး အနားကို မသွားဖို့ သတိပေးပါတယ်။ HIV/AIDS နဲ့ ပတ်သက်တဲ့အသိပညာ သတင်းအချက်အလက်တွေ ရနိုင်တဲ့အခွင့်အလမ်း မရှိတာကြောင့် သူတို့ရဲ့ လွဲမှားတဲ့ အယူအဆတွေဟာ လူနာကိုကူရာမဲ့ကယ်ရာမဲ့ ဖြစ်စေပါတယ်။ အကူအညီ လိုအပ်နေတဲ့အချိန်မှာ သူ့မိသားစုတွေဆီကတောင် ပြုစုစောင့်ရှောက်မှုမရရှာ ပါဘူး။ ကံဆိုးတဲ့လူနာအတွက် ကျွန်မဟာသိပ် စိတ်မကောင်းဖြစ်သွားပြီး တတ်နိုင်သလောက် အကူအညီ ပေးဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

"ကျွန်မဟာ လူမှုရေးလုပ်သားအနေနဲ့ စေတနာ့ဝန်ထမ်းလုပ်ငန်းက ရလာတဲ့အတွေ့အကြုံတွေ၊ ကျန်းမာ ရေး၊ ပညာပေးသင်တန်းတွေကရတဲ့ ဗဟုသုတတွေအရ HIV ဘယ်လိုကူးနိုင်တယ်။ မကူးနိုင်ဘူးဆိုတာ သူတို့ကို မျှဝေရှင်းပြနိုင်ခဲ့ပါတယ်။ လူနာလိုအပ် တာတွေ ကိုကူညီ်လုပ်ကိုင်ပေးပြီး ဆားရေနဲ့ပလုပ်ကျင်းခိုင်းပါတယ်။ အစာမမျိုနိုင်တာဟာ ပါးစပ်ထဲမှာရှိတဲ့ မှတ်ခရုတွေကြောင့်ဆိုတာ ရှင်းပြပြီး စိတ်ပိုင်းလူမှု အထောက်အကူ အနေနဲ့အားပေးစကားပြောပြီး ပြန်ခဲ့ ပါတယ်။

"နောက်တစ်နေ့မှာ VCCT ဘယ်နေရာမှာ ဘယ်လိုလုပ်နိုင်တယ်ဆိုတာ ပြောပြပြီး သူဆုံးဖြတ်ချက်ချနိုင် အောင် အကျိုးကျေးဇူးတွေကိုလည်း ရှင်းပြခဲ့ပါတယ်။ လူနာရဲ့ ယုံကြည်မှု ရအောင်သူအိမ်ကို ကျွန်မပုံမှန် သွားခဲ့ပါတယ်။ နောက်ဆုံးမှာ လူနာက HIV စစ်ဆေးဖို့ဆုံးဖြတ်ချက်ချနိုင်ခဲ့ပါတယ်။

"နောက်တစ်နေ့မနက်မှာ VCCT လုပ်ဖို့ ပုသိမ်မှာရှိတဲ့ ပြည်ကြီးခင် ဆေးခန်းကို ခေါ်သွားခဲ့ပါတယ်။ ပြည်ကြီးခင် ဟာ ၂၀၁၁ ခုနှစ်ကစပြီး ကမ္ဘာ့ရန်ပုံငွေ အထောက်အပံ့နဲ့ HIV/AIDS စီမံကိန်းကို အကောင် အထည်ဖော် လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။ သွေးစစ်ပြီး အဖြေရယူဖို့နဲ့ နှစ်သိမ့်ဆွေးနွေးသူနဲ့ တွေ့ဆုံဖို့ ချိန်းဆိုချက်ကို အဲဒီ်နေ့ညနေ (၃)နာရီမှာ ရခဲ့ပါတယ်။

"သူ့မှာ HIV ပိုးရှိနေတယ်ဆိုတာကြားလိုက်ရတော့ ဝမ်းနည်းနောင်တရပြီး AIDS ကြောင့် ကျန်းမာရေး မယိုယွင်းခင်က စောစောစစ်ဆေးခဲ့ဖို့ ကောင်းကြောင်းနဲ့ သေဖို့အတွက်မပြင်ဆင်ရသေးလို့ စိတ်ဓါတ်ကျ မိကြောင်းပြောပါတယ်။ နှစ်သိမ့်ဆွေးနွေးသူဟာ ဂရုတစိုက်နဲ့ အာရုံစိုက်ပြီး စိတ်ရှည်လက်ရှည် နားထောင်ပါ တယ်။ သူမလိုအပ်တဲ့အကူအညီအားလုံး ပေးမယ်ဆိုတာ အာမခံပြောကြားခဲ့တဲ့အပြင် သူမဟာ တစ်ဦး တည်းအထီးကျန် မဟုတ်တဲ့အကြောင်း အားပေးစကား ပြောကြားခဲ့ပါတယ်။

"ပြည်ကြီးခင် HIV/AIDS ဆေးခန်းကနေ လူနာမှတ်တမ်း စာအုပ်ကလေးကိုင်ပြီး ထွက်လာခဲ့တဲ့အခါ မှာသူမပြောတဲ့စကားတွေကို သတိရနေမိပါတယ်။ သူမရှေ့လျှောက် ဘာလုပ်ရမှန်းမသိတော့ကြောင်း် ဈေးလည်း မရောင်းနိုင်တဲ့အပြင် အိမ်သားတွေကလည်း HIV ကူးမှာစိုးလို့ ပစ်ပယ်ထားပြီး ခွာဲခြားဆက်ဆံ ခံရလို့စိတ်ဓါတ်ကျကြောင်း ပြောပါတယ်။

"ကျွန်မက သူ့ကိုနှစ်သိမ့်အားပေးပြီး ကျွန်မကိုယ်တိုင်လည်း HIV ပိုးရှိသူဖြစ်ကြောင်းနဲ့ ပြည်ကြီးခင် HIV/AIDS ဆေးခန်းမှာမှတ်ပုံတင်ထားပြီး ၂၀ဝ၇ ခုနှစ်ကတည်းက Spetrin ဆေးကို မှန်မှန် သောက်နေရ ကြောင်းပြောပြပါတယ်။ Spetrin ဟာ အခြားအခွင့်အရေးယူဝင်ရောက်လာနိုင်တဲ့ ရောဂါပိုးတွေ ဝင်မလာ အောင် ကာကွယ်ပေးတဲ့အတွက် Spetrin မှန်မှန်သောက်ရင် မကြာခင်အကျိုးကျေးဇူး ခံစားရလာမှာ ဖြစ် ကြောင်း ပြောပြပါတယ်။

"သူမဟာ တဖြည်းဖြည်းနဲ့ အတော်အတန် အားရှိလာပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်၊ လုပ်နိုင်ကိုင်နိုင်ရှိ လာခဲ့ပါတယ်။ ကျွန်မဟာ သူနှစ်သိမ့်ဆွေးနွေးပညာပေးပွဲတွေတက်ရောက်နိုင်အောင် တတ်နိုင်သလောက် ကူညီပေးခဲ့ပြီး သူမအိမ်ကိုလည်း ပြုစုစောင့်ရှောက်ပေး သူအနေနဲ့ ပုံမှန်သွားရောက်ခဲ့ပါတယ်။ သူမဟာ အသဲရောင်အသားဝါ ဘီပိုးလည်း ကူးစက်ခံနေရတာကြောင့် သူ့ယောကျာ်းအပါအဝင် အခြားသူများကို ကူးစက်မခံရအောင် ကာကွယ်တဲ့နည်းတွေကိုလည်း ရှင်းပြပေးခဲ့ပါတယ်။ ဘဝမှာ အကောင်းမြင် သဘော ထားနဲ့ အပြုသဘောအတွေးအခေါ်တွေရှိဖို့ အားပေးတိုက်တွန်းပြီး ပုံမှန်ဘာသာရေးကျင့်စဉ်တွေကလည်း ဘယ်လိုအထောက်အကူပေးနိုင်တယ်ဆိုတာကို ပြောပြခဲ့ပါတယ်။

"ဘဝတူအုပ်စုဖြစ်တဲ့ အားမာန်သစ် အုပ်စုနဲ့ ပတ်သက်လို့လည်း ရှင်းပြခဲ့ပါတယ်။ ဘဝတူအုပ်စုရဲ့ အဖွဲ့ဝင် တစ်ယောက်အနေနဲ့ ကိုယ့်လိုပဲ HIV ပိုးရှိသူတွေကို သိရှိလာပြီး နိစ္စဓူဝ HIV ပိုးနဲ့ နေထိုင်ပြီး ရင်ဆိုင်ရတဲ့ အတွေ့အကြုံတွေကို မျှဝေခံစားနိုင်တာကြောင့် ဘဝမှာစိုးရိမ်ပူပန်မှုတွေ စိတ်ဓါတ်ကျဆင်းမှုတွေနဲ့ မရေရာ မသေချာမှုတွေကနေ စိတ်သက်သာရာရနိုင်ကြောင်း ရှင်းပြပါတယ်။ အားမာန်သစ်အုပ်စုရဲ့ အဖွဲ့ဝင်ဖြစ် လိုတဲ့သူမရဲ့ ဆန္ဒကြောင့် အားမာန်သစ် အဖွဲ့ဝင် ဖြစ်အောင်ကူညီပေးခဲ့ပါတယ်။ သူမရဲ့ CD4 ကိုစစ်ဆေး ကြည့်လိုက်တဲ့အခါ (၃၀)သာရှိတဲ့အတွက် တာဝန်ရှိ သမားတော်တွေက လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ် ပြီးတဲ့အခါ အေအာတီ ကို ချက်ချင်းစတင်ခဲ့ပါတယ်။

"အေအာတီ နဲ့ ကုသမှု ခံယူပြီးတဲ့နောက်မှာ လူနာရဲ့ CD4 ဟာ ၅၆၃ အထိမြင့်တာလာခဲ့ပြီး သူမရဲ့ မိသားစုနဲ့ အလွန်ပျော်ရွှင်တဲ့ဘဝကို တည်ဆောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ သူမဟာ ပြည်ကြီးခင်ရဲ့ ပညာပေးသူ တစ်ယောက် အနေနဲ့ PLHIV တွေကိုလည်း ကူညီထောက်ပံ့ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

"သူမက ကမ္ဘာ့ရန်ပုံငွေ အထောက်အပံ့နဲ့ ပြည်ကြီးခင်ရဲ့ HIV/AIDS စီမံကိန်းက ကူညီပေးသူတွေ နှစ်သိမ့် ဆွေးနွေးပေးသူတွေရဲ့ အကူအညီနဲ့ ကြင်ကြင်နာနာ ပြုစုစောင့်ရှောက်ပေးမှုတွေကြောင့် သူမချစ်တဲ့ သားသမီးတွေ မြေးတွေနဲ့သာမန်ဘဝမှာ ပျော်ပျော်ရွှင်ရွှင် ပြန်လည်နေထိုင်နိုင်တာကြောင့် ဘဝရဲ့ အရည်အသွေးဟာ အများကြီးတိုးတက်လာကြောင်း ပြောပါတယ်။

"သူမက HIV ပိုးနဲ့နေထိုင်နေရသူတွေဟာ အသက်ရှည်ရှည်နေနိုင်အောင် ART ဆေးအချိန်မီ ရရှိဖို့ လိုတယ် ဆိုတာ သူမရဲ့အတွေ့အကြုံအရ သိရှိခဲ့ရကြောင်းနဲ့ အသက်ကလေးရယ်တဲ့ ရှည်စေလို ART ဆေးရိပ်ကိုခို လို့ အားလုံးကို ယုံယုံကြည်ကြည်နဲ့ ထောက်ခံပြောကြားလိုတယ်လို့ ဆိုခဲ့ပါတယ်။"