တီဘီရောဂါကျန်းမာရေးပညာပေးကဗျာ 15.06.2016

တီဘီကင်းစင်၍ကျန်းမာသောမိသားစုဘ၀ဖြစ်လာအောင်အားပေးမြှင့်တင်ရန်နှင့်တီဘီရောဂါကိုပိုမိုသိရှိ သတိမူလာမိစေရန်MHAA၏ကျန်းမာရေးပိုစတာတစ်ခု

တီဘီရောဂါပိုးကြောင့်ပါ

အဲဒီပိုးကိုဒို့မကြောက်
တီဘီဆေးကို(၆)လသောက်။

 

 တီဘီရောဂါပိုးကြောင့်ပါ

သူငါရှူကြလေမှကူးစက်တာ။

ရောဂါပိုးလေးအေအက်ဖ်ဘီ(AFB)
အဆုတ်လေအိတ်ဖျက်ဆီးမည်။

လေအိတ်ဘေးကသွေးကြောများ
သူဖောက်ထား၍ ပျက်စီးသွား
ဒီတော့ သွေးအန်သဗျား။

အဆုတ်အိတ်များ၊ပျက်စီးလျှင်
အောက်စီဂျင်လည်းမဝင်
ခန္ဓာတွင်အောက်စီဂျင်မရ
တစ်သျှူး၊ ဆဲလ်များသေကြရ။

မြင်ကြရမည့်ကိုယ်ခန္ဓာ
ပိန်လှီ သေးငယ်လာ။

သွေးနှင့်အတူ
စီးမျောကာ ရောဂါပိုးတွေပါ
ရောက်လေရာ သူဖျက်ဆီး
တီဘီရောဂါ အသီးသီး။

အဲဒီပိုးကိုဒို့မကြောက်
တီဘီဆေးကို(၆)လသောက်။

မှန်မှန်သောက်ကပျောက်ရမှာ
တိတိကျကျလိုက်နာပါ။

ချောင်းဆိုကြာသလိပ်စစ်ဆေး
ရောဂါပျောက်ရန်မခက်သေး။