၂၀၁၆ခုနှစ်အတွင်းတွင်PR-UNOPSသည်မြန်မာနိုင်ငံ၌ကမ္ဘာ့ရန်ပုံငွေအဖွဲ့၏အထောက်အပံ့လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင်အထောက်အပံ့ဖြစ်စေရန်ပစ္စည်းဝယ်ယူရေးနှင့်ထောက်ပံ့ပို့ဆောင်ရေးစီမံခန့်ခွဲမှုကိုသိသာစွာတိုးတက်စေခဲ့သည်။ယင်းတို့တွင်ဆေးသိုလှောင်ရုံများတွင်ဆေးသိုလှောင်မှုများကိုစစ်ဆေးခြင်း ၊ ပြုပြင်မွမ်းမံခြင်း၊ဆေးလက်ကျန်စာရင်းစစ်ဆေးခြင်း၊SRများကိုထောက်ပံ့ပို့ဆောင်ရေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်း ပေးခြင်း၊ထောက်ပံ့ပို့ဆောင်ရေးစီမံခန့်ခွဲမှုမဟာဗျူဟာဆိုင်ရာအကြံပေးအုပ်စုအစည်းအဝေး ကျင်းပခြင်း၊လိုအပ်မည့်ဆေးဝါးများကိုခန့်မှန်းတွက်ချက်ခြင်းတို့ပါဝင်သည်။

ဆေးသိုလှောင်ရုံများကိုစစ်ဆေးခြင်း
၂၀၁၆ခုနှစ်အတွင်းတွင်PR-UNOPS၏PSMအဖွဲ့သည်ဗဟို၊ပြည်နယ်/တိုင်းအဆင့်တို့ရှိအမျိုးသား ရောဂါတိုက်ဖျက်ရေးစီမံကိန်းများ၊SRများ၏ဆေးသိုလှေင်ရုံနှင့်ဆေးသိုလှောင်ရေးဌာနများသို့၃၈ကြိမ် သွားရောက်ခဲ့သည်။ဆေးသိုလှောင်သည့်လုပ်ထုံးလုပ်နည်းနှင့်လုပ်နည်းများစံလမ်းညွှန်ချက်များနှင့် ကိုက်ညီစေရန်၊ဆေးသိုလှောင်ရေးဌာနများတွင်ပို၍သိုလှောင်မိခြင်း၊လျှော့၍သိုလှောင်မိခြင်း၊ဆေးသက်တမ်း ကုန်ခြင်းတို့ဖြစ်နိုင်မည့်အခြေအနေကိုဖော်ထုတ်ရန်၊ဆေးသိုလှေင်ရုံစီမံခန့်ခွဲမှုဖြန့်ချိမှုအပါအဝင်ထောက်ပံ့ရေး စီမံခန့်ခွဲမှုကိုဆောင်ရွက်နေသောဝန်ထမ်းတို့၏စွမ်းဆောင်ရည်ကိုမြှင့်တင်ရန်ဤခရီးစဉ်များက အထောက်အကူပြုမည်ဖြစ်သည်။
ထောက်ပံ့ပို့ဆောင်ရေးစီမံခန့်ခွဲမှုသတင်းစနစ်သင်တန်းများ
ဗဟိုအဆင့်ရှိအမျိုးသားရောဂါတိုက်ဖျက်ရေးစီမံကိန်းများ၊SRများအတွက်ထောက်ပံ့ပို့ဆောင်ရေးစီမံခန့်ခွဲမှုသ တင်းစနစ်သင်တန်းသုံးခုဖွင့်လှစ်ခဲ့သည်။ထို့အတူပြည်နယ်/တိုင်းအဆင့်ရှိအမျိုးသားရောဂါတိုက်ဖျက်ရေးစီမံ ကိန်းများအတွက်လည်းအလားတူသင်တန်း၁၀ကြိမ်ကိုဖွင့်လှစ်နိုင်ရန်PRUNOPSအဖွဲ့ကကူညီခဲ့သည်။ထောက်ပံ့ရေးစီမံခန့်ခွဲမှုကိုဆောင်ရွက်နေသောဒေသအဆင့်အရာရှိများမှသည်အခြေခံကျန်းမာရေးဝန်ထမ်းအထိပါ ဝင်သောစုစုပေါင်းသင်တန်းသား၈၁၄ဦးကိုယင်းတို့၏ထောက်ပံ့ပို့ဆောင်ရေးစီမံခန့်ခွဲမှုစွမ်းဆောင်ရည် တိုးတက်စေရန်နှင့်မြန်မာနိူင်ငံတဝန်းလုံးရှိကျန်းမာရေးထောက်ပံ့ရေးစနစ်ကိုအားဖြည့်ပေးရန် သင်တန်းပေးခဲ့သည်။
ထောက်ပံ့ပို့ဆောင်ရေးစီမံခန့်ခွဲမှုမဟာဗျူဟာဆိုင်ရာအကြံပေးအုပ်စုအစည်းအဝေးကို(၂၀၁၆ခုနှစ် အောက်တိုဘာလ၁ဝရက်နေ့ကရန်ကုန်တွင်)ကျင်းပခဲ့သည်။ယင်းအစည်းအဝေးတွင်SRများ၊ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်Clinton Health Access Initiative တို့မှနည်းပညာမိတ်ဖက်များ၊PR-UNOPSအဖွဲ့တို့ကဆေးပစ္စည်းထောက်ပံ့ံပို့ဆောင်ရေးစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်အမျိုးမျိုးကိုဆွေးနွေးနိုင်ခဲ့သည်။
ဆေးသိုလှောင်ရုံများကိုမွမ်းမံခြင်း
အမျိုးသားခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးစီမံကိန်းဗဟိုဆေးသိုလှောင်ရုံမွမ်းမံမှုကို ၂၀၁၆ခုနှစ် နိုဝင်ဘာလတွင်ပြီးစီးခဲ့သည်။ယင်းလုပ်ငန်းတွင်စင်စနစ်အသစ်တပ်ဆင်ခြင်း၊သိုလှောင်သည့်နေရာနှင့်စနစ်ပုံကို ပြန်လည်ဒီဇိုင်းထုတ်ခြင်း၊ဆေးဝါးလှောင်သည့်နေရာနှင့်လက်ခံသည့်နေရာတို့ကိုအလျူမီနီယံတံခါးများဖြင့် အခန်းကန့်ခြင်းတို့ပါဝင်သည်။
၂၀၁၇ခုနှစ်အတွက်လိုအပ်မည့်ဆေးဝါးများကိုခန့်မှန်းတွက်ချက်ခြင်း
၂၀၁၇ခုနှစ်အတွက်လိုအပ်မည့်ဆေးဝါး၊ရောဂါရှာဖွေစစ်ဆေးရေးကိရိယာပစ္စည်းများ၊အခြားဆေးဝါးပစ္စည်း လိုအပ်မှုခန့်မှန်းတွက်ချက်မှုအလုပ်ရုံဆွေးနွေးပွဲများကိုနေပြည်တော်တွင်၂၀၁၆ခုနှစ်ဩဂုတ်လ၁ရက်နေ့မှ ၃ရက်နေ့အထိကျင်းပခဲ့သည်။