တီဘီနှင့်ဆေးယဉ်ပါးတီဘီလူနာများကိုပိုမိုစောလျင်စွာရှာဖွေဖော်ထုတ်နိုင်ရန်အတွက်မြန်မာနိုင်ငံရှိဓာတ်ခွဲ ခန်းလုပ်ငန်းများကိုအဆင့်မြှင့်တင်အားဖြည့်ရန်ဦးတည်လျက်ကမ္ဘာ့ရန်ပုံငွေအဖွဲ့သည်ရှမ်းပြည်နယ်တောင်ကြီးမြို့တွင်ဇီဝလုံခြုံမှုအဆင့်-၃တီဘီရောဂါဓာတ်ခွဲခန်း၏ဓာတ်ခွဲကိရိယာပစ္စည်းများအတွက်ရန်ပုံငွေပံ့ပိုးထောက်ပံ့ခဲ့သည်။
၂၀၁၇ခုနှစ်ဖေဖော်ဝါရီလ၈၇က်နေ့တွင်ရှမ်းပြည်နယ်တောင်ကြီးမြို့၌ကျင်းပသောဇီဝလုံခြုံမှုအဆင့်- ၃တီဘီရောဂါဓာတ်ခွဲခန်းဖွင့်ပွဲသို့ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊PR-UNOPS၊ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့မှသက်ဆိုင်ရာအရာရှိများတက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကအဖွင့်အမှာစကားများပြောကြားပြီးနောက်၊မြန်မာဇာကွန်ကုမ္ပဏီကဇီဝလုံခြုံမှုအဆင့်-၃တီဘီရောဂါဓာတ်ခွဲခန်းဆိုင်ရာစာရွက်စာတမ်းများကိုရှမ်းပြည်နယ်ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးထံသို့ပေးအပ်ခဲ့သည်။
ဓာတ်ခွဲခန်းကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကတပ်ဆင်ထားသောဓာတ်ခွဲကိရိယာပစ္စည်းများကိုစစ်ဆေးကြသည်။