၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလမှစ၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် ရှမ်းပြည်တောင်ပိုင်းရှိ ဟိုပုံး၊ ဆီဆိုင်၊ ကလော၊ လွိုင်လင်၊ မိုင်းကိုင်၊ နမ့်ဆန်၊ ဖယ်ခုံ၊ တောင်ကြီး၊ ရပ်စောက်နှင့် ရွာငံမြို့နယ်များတွင် လူထုအခြေ ပြုငှက်ဖျားစီမံကိန်းများကို အကောင်အထည်ဖော်လျက်ရှိသည်။ ထိုဒေသများသည် နှိုင်းယှဉ်ချက်အရ ငှက်ဖျားဖြစ်ပွားမှုနှုန်းမြင့်မားပြီး ဆေးစိမ်ခြင်ထောင်လိုအပ်ချက် အလွန်များပြားသည်။ ကျေးရွာများတွင် ဆေးစိမ်ခြင်ထောင်များကို စီမံကိန်း၏ ပံ့ပိုးမှုဖြင့် လူထုသို့ အခမဲ့ဝေငှပေးသည်။
ငှက်ဖျားရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတ ဖြန့်ဖြူးပေးခြင်းသည် စီမံကိန်းဝန်ထမ်းများ၏ ဆေးစိမ်ခြင်ထောင် ဝေငှပေးခြင်းလုပ်ငန်း၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကျောက်နီရွာမှ ဒေါ်နီနီလှိုင်သည် ဆေးစိမ်ခြင်ထောင် အသုံးပြုရခြင်းကို အလွန်ကျေနပ်ဝမ်းသာလျက်ရှိ သည်။ ``ဆေးစိမ်ခြင်ထောင်တွေက ခြင်ကိုက်တာကို ကာကွယ်ပေးရုံမကဘဲ ရောဂါပိုးတွေကို သယ်ဆောင်တဲ့လှေး၊ သန်းနဲ့ ကြမ်းပိုးတွေကိုလည်း ကာကွယ်ပေးတယ်။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပြီး အလုပ်မှာလည်း စွမ်းဆောင်ရည် တိုးတက်လာတယ်။ ကျွန်မတို့မိသားစု ဝင်ငွေပိုရှာနိုင်ပြီး အခုဆိုရင် ပိုကျန်းမာတဲ့ ကလေးတွေ မိခင်တွေနဲ့ ပိုပျော်ရွှင်တဲ့ မိသားစုဖြစ်နေပါပြီ။