အမ်းမြို့နယ်သည် ငှက်ဖျားရောဂါအများဆုံး ဖြစ်ပွားလေ့ရှိသော ဒေသများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အခြေချနေထိုင်ကြသူများမှာလည်း လူမှုစီးပွားအဆင့် အတန်းနိမ့်ကျ၍ အရည်အသွေးပြည့်မီသော ကျန်းမာရေး ဝန်ဆောင်မှု အနည်းငယ်မျှသာ ရရှိကြသည်။ သို့သော်လည်း မြန်မာနိုင်ငံဆရာဝန်အသင်း ၏ အခြေတကျနှင့် ရွေ့လျားငှက်ဖျား ဆေးခန်းများက ထိုဝေးလံခေါင် ဖျားဒေသများက ပြည်သူများကိုအရည်အသွေးမီသော ကျန်းမာရေးစောင့်ရှောက်မှုများပေးနေသည်။ မြန်မာနိုင်ငံဆရာဝန်အသင်း၏ အခြေစိုက်ဆေးခန်းတစ်ခုတွင် မိခင်တစ်ဦးနှင့် ကလေး (၄)ယောက်တို့တွင် Plasmodium falciparum ငှက်ဖျားရောဂါပိုးရှိနေကြောင်း စမ်းသပ်စစ်ဆေးတွေ့ရှိရပြီးကုသမှုမခံယူပါကသေဆုံးသွားနိုင်သည်။ မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဝန်ထမ်းများကအချိန်မီ Atemisininbased Combination Therapy (ACT) ဖြင့် ကုသပေးသဖြင့်လုံးဝပြန်ကောင်းသွားသောကြောင့် ထိုမိသားစုက ကျေးဇူးတင်မဆုံး ဖြစ်နေကြသည်။
လက်လှမ်းမမီသေးသောသူများကို လက်ကမ်းကူညီခြင်း 17.03.2013
မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဝန်ထမ်းများကအချိန်မီ Atemisininbased Combination Therapy (ACT) ဖြင့် ကုသပေးသဖြင့် လုံးဝ ပြန်ကောင်းသွားသောကြောင့် ထိုမိသားစုက ကျေးဇူးတင်မဆုံး ဖြစ်နေကြသည်။